အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို နိုဝင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ဟိုင်ဂန် ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Mr. Masatsugu Asakawa နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီအစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိလာရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ ဂျီအမ်အက်စ်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ အားလုံးကို ကျန်းကျန်းမာမာဖြင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ကြောင်း၊ ပြီးခဲ့သည့် သတ္တမအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်းများကြောင့် မိမိတို့ အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်း။
ယနေ့ နိုင်ငံခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်သည့်ဒေသခွဲတစ်ခု ပေါ်ပေါက်လာစေရန် ဦးတည်ဆွေးနွေးလိုကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာနှင့် သုတေသနတီထွင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုသည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးတွင် ဆန်းသစ်တီထွင်မှုကို အားပေးသည့်နိုင်ငံများ၊ ဒေသများအနေဖြင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်လာနိုင်ခြင်းစသည့် လူမှုဘဝအရည်အသွေးများကို မြှင့်တင်ပေးနိုင်သည်ကို တွေ့ရကြောင်း။
ဆန်းသစ်တီထွင်မှုသည် လွယ်လွယ်ကူကူဖြင့် အောင်မြင်နိုင်သည့်အရာ မဟုတ်ဘဲ၊ ပြီးပြည့်စုံသည့်စနစ်များ၊ ထိရောက်သော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ တစ်ပြိုင်တည်း လိုအပ်ကြောင်း၊ ထို့ပြင် ကာလအလိုက် ပြောင်းလဲနေသည့် အခြေအနေများအပေါ် မူတည်ပြီး ကျိုးကြောင်းဆီလျော်စွာနှင့် ဆန်းသစ်တီထွင်မှုကို မွမ်းမံနေမှသာ ပိုမိုအောင်မြင်သည့် ရလဒ်များကို ရရှိမည်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိအနေဖြင့်ဆန်းသစ်တီထွင်မှုနှင့် အဆင့်မြှင့်တင်မည့် ဂျီအမ်အက်စ်ဒေသခွဲသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ဂျီအမ်အက်စ်ဒေသခွဲ အနေဖြင့် ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုကိုအခြေခံပြီး ဆောင်ရွက်ရာတွင် အုပ်ချုပ်မှု၊ လူ့စွမ်းအား အရင်းအမြစ်၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရန်ပုံငွေစသည်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအချက်များကို အခြေခံပြီး ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံကို ရေးဆွဲနေခြင်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မှုနှင့်ပတ်သက်၍ ပြောကြားရာ၌ “တစ်ချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများအပြင် အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အခြားတစ်ဖက်တွင်လည်း အရင်းအမြစ်များ ရရှိနိုင်မှုသည် အလွန်ပင်အရေးကြီးကြောင်း၊ ဆန်းသစ်တီထွင်မှုအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှု(R&D)သည် မရှိမဖြစ် လိုအပ်သည့် အရင်းအမြစ် ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်မှု ရန်ပုံငွေအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးမှုစသည့် နယ်ပယ်ပေါင်းစုံက အရင်းအမြစ်များနှင့် ပေါင်းစည်းပြီး ဆောင်ရွက်မှသာ ပြည့်စုံမည်ဖြစ်ကြောင်း။
ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ လက်ခံကျင့်သုံးမှု တိုးမြင့်လာစေခြင်းတို့ဖြင့် ဂျီအမ်အက်စ်ဒေသတွင်း ဆန်းသစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများ စီးဆင်းမှုလွယ်ကူ ချောမွေ့လာစေမည်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံအတွက် ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာတွင် အုပ်ချုပ်မှုယန္တရားအဖြစ် လုပ်ငန်းအဖွဲ့၊ ဖိုရမ်စသည်ဖြင့် ဆောင်ရွက်မည့် အစီအမံများ စနစ်တကျရှိရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ဂျီအမ်အက်စ် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံများနှင့်ဖွဲ့စည်းထားသည့် ဒေသခွဲအနေဖြင့် စိုက်ပျိုးစီးပွား ပိုမိုတိုးတက်ထွန်းကားလာရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန်အတွက် ဆန်းသစ် တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်ပင်ဖြစ်ကြောင်း။ ဂျီအမ်အက်စ် အစီအစဉ်၏ ကဏ္ဍအားလုံးကို ဆန်းသစ်တီထွင်မှု မဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မဟာဗျူဟာအရ အထူးသဖြင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဆိုသည့် လုပ်ငန်းစဉ်ကလည်း ဒေသတွင်း လိုအပ်ချက်အရ များစွာသင့်တော်ကြောင်း။
ယင်းဦးစားပေးကဏ္ဍများအပြင် ကျန်ရှိနေသည့် စွမ်းအင်၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ဆက်လက်ဆောင်ရွက်သွားရန် ပြင်ဆင်ထားကြ ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် နည်းပညာအသစ်များဖြင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ချိတ်ဆက်မှု၊ ဆေးပညာ ဆိုင်ရာ တက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်းဆောင်ရွက်ခြင်း၊ အဆင့်မြင့်ကုသနည်း ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ကြရန်နှင့် နည်းပညာလွှဲပြောင်းမှုစင်တာများနှင့် အသိပညာဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
နိုင်ငံအသီးသီးတွင် မူပိုင်ခွင့်ဥပဒေများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများက ပြဋ္ဌာန်းထားပြီးဖြစ်ကြသည့်အတွက် နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကတစ်ဆင့် ဖြစ်စေ ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဖြင့် ဂျီအမ်အက်စ်ဒေသခွဲအတွင်း အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် သဘာပတိကဆွေးနွေးမှုများအပေါ် အကျဉ်းချုပ်တင်ပြပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် “ ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေး၌ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာလီချောင်န် က အဖွင့်အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အသီးအသီးအမှာစကား ပြောကြားကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ဂျီအမ်အက်စ်) အစီအစဉ်၏ အဋ္ဌမအကြိမ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ ဖော်ရွေပျူငှာစွာ ဖိတ်ကြားခြင်းနှင့် သာယာလှပပြီး စိတ်ဝင်စားစရာကောင်းသည့် ကူမင်းမြို့သို့ မိမိနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်မှစပြီး လှိုက်လှဲနွေးထွေးပျူငှာသည့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို ကျေးဇူးတင်ရှိပါကြောင်းကို လေးလေးနက်နက် ပြောကြားလိုကြောင်း။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မိမိတို့ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများတွင် လူပေါင်းများစွာ ရေဘေးသင့်ဒဏ်၊ မြေပြိုမှုဒဏ်များကို ခံစားခဲ့ကြရကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံအစိုးရအချင်းချင်း၊ အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းများ၊ ပြည်သူများနှင့်အတူလက်တွဲ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကို ဆိုးရွားစွာခံစားခဲ့ရသည့် ဂျီအမ်အက်စ်ဒေသခွဲရှိ ပြည်သူများအားလုံး ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း။
၁၉၉၂ ခုနှစ်ကတည်းကစပြီး ဆယ်စုနှစ် ၃ ခုကျော်ကာလ လျှောက်လှမ်းလာခဲ့သည့် ဂျီအမ်အက်စ် အစီအစဉ်သည် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဂျီအမ်အက်စ် အတွင်းရေးမှူးရုံး၏ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုများနှင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ ပံ့ပိုးပါဝင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း၊ ပူးပေါင်းဆောင်ရွက် အားထုတ်မှုများဖြင့် ကောင်းမွန် ထိရောက်သည့် ဖွံ့ဖြိုးမှုရလဒ်များကို အနာဂတ်ကာလတွင် ဆက်လက်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept Paper) အတည်ပြုမှုနှင့်ပတ်သက်၍ ပြောကြားရာ၌ “နိုင်ငံတကာမှာ ဆန်းသစ်တီထွင်မှုနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်နေကြတာဖြစ်တဲ့အတွက် “ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ဆိုတဲ့ ဒီထိပ်သီးအစည်းအဝေးရဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့အတည်ပြုမယ့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာ (Innovation Strategy) တို့ဟာ ဂျီအမ်အက်စ် ဒေသခွဲအတွက် အချိန်အခါသင့် ဖြစ်ပါတယ်။ ဒေသခွဲအတွင်း ကုန်ထုတ်စွမ်းအားမြှင့်တင်မှု၊ နည်းပညာတိုးတက်မှု၊ စက်မှုလုပ်ငန်းသစ်များနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့အတွက် နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုဟာ အဓိကမောင်းနှင်အားပဲ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဂျီအမ်အက်စ်ရဲ့ ဆန်းသစ်တီထွင်မှုမဟာဗျူဟာ ၂ဝ၃ဝ ဟာ ဂျီအမ်အက်စ် မဟာဗျူဟာမူဘောင် ၂၀၃၀ အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲထားတာဖြစ်ပြီး မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept Paper) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံ (၂၀၂၅-၂၀၃၀) (National Science, Technology and Innovation Road Map, 2025-2030)ကို အပြီးသတ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ညှိနှိုင်းချိတ်ဆက်ပြီး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင် ၆ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း မျှော်မှန်းချက်တစ်ခုတည်း (Six nations, Three decades, One vision) ဖြင့် ရပ်တည်ဆောင်ရွက်လာခဲ့ကြသည့် ဂျီအမ်အက်စ်အစီအစဉ်၏ အောင်မြင်မှုများကို ပြန်ကြည့်မည်ဆိုပါက ပြီးခဲ့သည့် သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးနောက်ပိုင်း မဟာဗျူဟာ-၂၀၃၀(Strategy- 2030)ကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် မဟာဗျူဟာများ၊ မူဘောင်များရေးဆွဲခြင်း၊ ဗျူဟာကျနည်းလမ်းများကို လေ့လာမှုများပြုလုပ်ခြင်း၊ အကောင်အထည်ဖော်မှုအစီအစဉ်များ၊ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း။
ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံများအတွက်စိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေကြရသည့် ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ငွေကြေးဖောင်းပွမှု၊ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှု၊ ရွှေ့ပြောင်းလုပ်သားနှင့် စီးပွားရေးမညီမျှမှု စသည့် စိန်ခေါ်မှုများသည် အပြန်အလှန် ဆက်နွယ်နေကြခြင်း ဖြစ်ကြောင်း။
ယင်းစိန်ခေါ်မှုများကို တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဖြေရှင်း၍မရသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုနှင့် ဘက်စုံချဉ်းကပ် ဆောင်ရွက်မည့် နည်းလမ်းများလိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အရင်းအမြစ်များကို ပေါင်းစည်းအသုံးပြုခြင်း၊ အသိပညာမျှဝေခြင်းနှင့် မူဝါဒများကို လိုအပ်သလို ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ဂျီအမ်အက်စ်ဒေသ ၏ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရေမြေအနေအထား၊ သဘာဝအခြေခံ တူညီနေသည့် ဂျီအမ်အက်စ် နိုင်ငံများအနေဖြင့် ဂေဟစနစ်များ၊ ရေလမ်းကြောင်းနှင့်ရာသီဥတုများကို မျှဝေလေ့ရှိခြင်းကြောင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဂျီအမ်အက်စ် အစီအစဉ်၏ 3 C ဟုခေါ်သည့် ချိတ်ဆက်မှု (Connectivity)၊ ယှဉ်ပြိုင်မှု (Competitiveness)နှင့် လူမှုအသိုက်အဝန်း (Community)စသည့် မဏ္ဍိုင် ၃ ရပ်အောက်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
ယနေ့ ထိပ်သီးအစည်းအဝေးတွင် မှတ်တမ်းတင်မည့် ကဏ္ဍအလိုက် မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များသည် အဖွဲ့ဝင်နိုင်ငံများမှ မူဝါဒချမှတ်သူများ၊ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသူများကို အကြံဉာဏ်ကောင်း၊ နည်းလမ်းကောင်းများ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု (Public Health Care) သည် လွန်စွာအရေးကြီးကြောင်း၊ နောင်အနာဂတ်ကာလတွင် တိုးတက်လာမည့် လူဦးရေနှင့် ပြောင်းလဲလာမည့် လူမှုစီးပွား၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်တွက်ဆပြီး ရှိရင်းစွဲ အရင်းအမြစ်များကို အကောင်းဆုံးအသုံးချခြင်းဖြင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အရည်အသွေး ပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဆောင်ရွက်မှုများကို ဂျီအမ်အက်စ်၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း။
ဒေသ၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့် ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုကြောင်း၊ ကမ္ဘာ့လူဦးရေသည် ယခု ၈ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၃၀ တွင် ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၃၅ ၈ ဒသမ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရိက္ခာဖူလုံမှု ပြဿနာသည် ပိုမိုကြီးမားလာဖွယ်ပင်ရှိကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက်နေရခြင်း မဟုတ်သည့်အတွက် စားနပ်ရိက္ခာဖူလုံမှုကို စဉ်းစားရင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများမျှဝေခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာဈေးကွက် ဖော်ဆောင်ခြင်း၊ နည်းပညာလွှဲပြောင်းမှု အပါအဝင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များအသုံးပြုပြီး ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်အတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပဲတင်ပို့မှုတွင် အဆင့်(၂)ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းလျက် ရှိပါကြောင်းကို အသိပေး ပြောကြားလိုကြောင်း။
ဆက်လက်၍ ဂျီအမ်အက်စ်၏ သင်္ကေတတစ်ခုဖြစ်သည် စီးပွားရေးစင်္ကြံများ၏ အရေးပါမှုကို အလေးထားပြောကြားလိုကြောင်း၊ စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ ၏ စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်သူများနှင့် ဈေးကွက်များအကြား ချိတ်ဆက်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်သွယ်မှု တိုးတက်စေသည့် အပြင် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုတွင် ဈေးကွက်အသစ်များ ပေါ်ထွန်းလာစေနိုင်ကြောင်း၊ ယင်းစီးပွားရေးစင်္ကြံများကို အသုံးပြုပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်သော ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ ဦးတည်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး အကျဉ်းမျှ အသိပေးပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး မူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း။ မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားများကို အလေးထားပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဦးတည်ချက် (၉) ရပ် ချမှတ်ကာ ကဏ္ဍအလိုက် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း။
လျင်မြန်စွာ ပြောင်းလဲနေသည့် အခြေအနေများကြားမှ လက်ရှိ နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ အပါအဝင် အခြားသော နိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျီအမ်အက်စ်ဒေသတွင်း လူမှု၊ စီးပွားဖွံ့ဖြိုး တိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းမှု၊ ဂျီအမ်အက်စ် အတွင်းရေးမှူးရုံး၏ ပံ့ပိုးကူညီမှုများသာမက ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ အပါအဝင် အခြားသက်ဆိုင်သူများအားလုံး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များသည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့မှုရှိသည့် ဂျီအမ်အက်စ် အသိုက်အဝန်း တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးနောက်ပိုင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူကလည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်းအဝေးရလဒ်ကို ဂျီအမ်အက်စ် အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်နှင့် ဂျီအမ်အက်စ် ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ အရပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ဆယ်စုနှစ် ၃ ခုနီးပါး အောင်မြင်စွာ ရပ်တည်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ် အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှ စတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလ ဒေသခွဲဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
Source: www.moi.gov.mm

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နိုဝင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် ဝန်ထမ်းများက တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာတော်သင် သင်တန်းသားများက သင်တန်းတက်ရောက်မှုဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနှင့် အခြားသော အစည်းအဝေးများကိုတက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်၏ တာဝန်များကို ရေခြား၊ မြေခြား၌ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက် ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ၏သမိုင်းကြောင်းနှင့် အလေ့အထများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်မပြတ် လေ့လာ၍ လိုအပ်သည်များကို သင်ခန်းစာယူကာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန် ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာ အရေးပါသောကြောင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွား တိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ၌ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန်လိုပြီး မိမိတို့နိုင်ငံတော်၏အကျိုးကို တတ်စွမ်းသည့်အပိုင်းမှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် ပညာတော်သင် တပ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ် လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး နိုင်ငံတော်၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေးနှင့် စစ်မှန်ပြီး ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် တရုတ်တစ်နိုင်ငံလုံးတွင် ပညာတော်သင်ကြားလျက် ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရ ယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများ၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခရီးစဉ်တွင် လိုက်ပါလာကြသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်သို့ ရောက်ရှိကြရာ ကောလိပ်မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကောလိပ်ဆိုင်ရာအချက်လက်များ၊ ကောလိပ်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သက်မွေးပညာဘာသာရပ်များနှင့် နည်းပညာဆိုင်ရာဘာသာရပ်များ၊ မြန်မာနိုင်ငံနယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အပါအဝင် နိုင်ငံတကာမှ သက်မွေးဘာသာရပ်ဆိုင်ရာ သင်ကြားပေးနေသည့် ကောလိပ်များ၊ တက္ကသိုလ်များဖြင့် ဆက်ဆံမှုစနစ် ထူထောင်ထားရှိပြီး ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ အတတ်ပညာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိမှုနှင့် အခြားဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောလိပ်အတွင်းရှိ Electromechnical Training Centre အတွင်း ကမ္ဘာ့အဆင့်အတတ်ပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နည်းပညာရပ်ဆိုင်ရာများ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှု၊ China's Training Base For Worldskills Competition Information Network Cabling အတွင်း ကေဘယ်ဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြရာ တက္ကသိုလ်ပါတီအတွင်းရေးမှူးဖြစ်သူ Mr. Teng Jiahua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်းအတွင်း၌ တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ Video Clip ဖြင့် ဖွင့်လှစ်ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်ဖြစ်သူ Mr. Liu Yanwen က AI နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကို လက်တွေ့စမ်းသပ်ပြသသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ UAV နှင့် Drone နည်းပညာအသုံးပြု လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များအား သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုးအဆင့်မြင့်စက်ရုပ်နည်းပညာ၊ အာရုံခံစနစ်အသုံးပြုမှုနည်းပညာအသုံးချမှုစနစ်အား သင်ကြားပို့ချမှုဌာနတို့သို့ လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက္ကသိုလ်ပါတီအတွင်းရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး တက္ကသိုလ်မှတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက် တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား၍ သင်ကြားပို့ချလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝန်းအတွင်း၌ ဆေးဝါး၊ စိုက်ပျိုးရေး အစားအစာ၊ ဇီဝ၊ နည်းပညာများနှင့်သက်ဆိုင်သည့် ဘာသာရပ်များကိုလည်းသင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံနှင့် ဒေသပေါင်း ၄၉ ခုမှ တက္ကသိုလ်များနှင့် သုတေသန စင်တာပေါင်း ၁၉၀ နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက် ၂၄၅ ခုကို လက်မှတ်ရေးထိုးထားရှိပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများအတွက် အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုစွမ်းရည်သင်တန်းများကို ဖွင့်လှစ်ပေးခြင်း၊ နည်းပညာများသင်ကြားပေးခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သုတေသနနှင့်ဖလှယ်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖနောင်ပင် အောက်တိုဘာ ၂၃
ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ် ပထမကိုးလတာအတွင်း နိုင်ငံခြားသားခရီးသည် ၄ ဒသမ ၈ သန်းကို ဆွဲဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။
အဆိုပါ အရေအတွက်သည် ယမန်နှစ်အလားတူ ကာလ ၃ ဒသမ ၉၂ သန်းထက် ၂၂ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားသားခရီးသည် လာရောက်မှုအရေအတွက် လေးသန်းနီးပါး ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုအရေအတွက် ဇယားတွင် ထိုင်းနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေပြီး ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်နိုင်ငံတို့က ရပ်တည်လျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယဉ်ကျေးမှုနှင့် ဂေဟဗေဒခရီးသွားလာရေးအတွက် နေရာတစ်ခုဖြစ်ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တော့ဖ်ဆိုဖက်က ပြောသည်။
ထို့ပြင် ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်သည့် အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်၊ အနောက်မြောက် ဆီယမ်ယိပြည်နယ်နှင့် ဆီဟန်နောဗီလီအနောက်တောင်ပိုင်းရှိ လှပသော ပင်လယ်အော်တို့ကြောင့် ကျော်ကြားခြင်းဖြစ်ကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် အခြားကမ္ဘာ့အမွေအနှစ်နေရာသုံးနေရာဖြစ်သည့် ကမ်ပေါင်သွမ်ပြည်နယ် အလယ်ပိုင်းရှိ Sambor Prei Kuk ဘုရားကျောင်းဇုန်နှင့် ပရာဗီဟီးရားဘုရားကျောင်းနှင့် Koh Ker ရှေးဟောင်းသုတေသန နယ်မြေတို့လည်းရှိသည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ်အနက်မှ တစ်ခုဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် ၅ ဒသမ ၄၅ သန်းကို လက်ခံရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ ဘီလီယံ ရရှိခဲ့ကြောင့် ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ
Source- မြန်မာ့အလင်း

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်၏ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့် ဆောင်ရွက်ရေး၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေး၊ စရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသည့် ဦးတည်ချက်များသည် လွတ်လပ်ရေး၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေကြောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်သည် အနှောင်အဖွဲ့ကင်းလွတ်ခြင်းကို ဆိုလိုကြောင်း၊ အချုပ်အခြာအာဏာဆိုသည်မှာ လွတ်လပ်ခြင်းနှင့် မိမိကိုယ်ပိုင်စီမံဆုံးဖြတ်ခွင့်ရှိခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသားအားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ်နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိသောနိုင်ငံများကို အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးသည် အရေးကြီးကြောင်း၊ အချို့နိုင်ငံများသည် လွတ်လပ်ကြသော်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုမရှိကြကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာအာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သောနိုင်ငံများကို ကမ္ဘာပေါ်တွင် တွေ့မြင်နေရကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့်အခြေအနေများကို ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရသည်မှာ Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုးတွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ္ဘာ့ရွာကြီးဖွံဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ္ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆွဲ၍ ရန်စကား ပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း၊ Hegemony ဗိုလ်ကျစိုးမိုးခြင်းကိစ္စရပ်များ၊ Multilateralismą Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန်သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ကမ္ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎င်းတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည့်အတွက် အချုပ်အခြာအာဏာ ပိုင်ခွင့်မဆုံးရှုံး အောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဦးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကိုတွေ့မြင်ရမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များဖြင့် အဓိပ္ပာယ်ပြည့်ဝစွာ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ဘက်စုံထောင့်စုံမှ လစ်ဟာမှုမရှိစေရန် သတိ၊ ဝီရိယအပြည့် အဝဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှုများတွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါရှိစေရေး၊ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ပြီး လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တစ်လွှား စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်ပေါင်း သုံးသန်းနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။
အဆိုပါမုန်တိုင်းသည် အဆင့်(၁)ဟာရီကိန်းမုန်တိုင်းအဖြစ်သို့မရောက်မီ အောက်တိုဘာ ၉ ရက်က အဆင့်(၃) ဟာရီကိန်းမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ပြောသည်။ ဖလော်ရီဒါကျွန်းဆွယ်အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းကျရောက်မည်ဟု ခန့်မှန်းထားသည်။

ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် လေဆင်နှာမောင်းများဖြစ်ပေါ်မည်ဟုလည်း မီဒီယာများတွင် ဖော်ပြသည်။ ဒေသခံခုနစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားသည်။ ထောင်နှင့်ချီသည့် လူများသည် အာဏာပိုင်များ၏ တိုက်တွန်းမှုကြောင့် မုန်တိုင်းဒဏ် ခိုလှုံရာအဆောက်အအုံများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။
မုန်တိုင်းဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ဒေသခံပြည်သူများ လုံခြုံစိတ်ချရရေး လမ်းညွှန်ချက်များကို လိုက်နာသွားရန် တိုက်တွန်းကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လူပေါင်း ၂၃၀ ကျော်ကို သေဆုံးစေခဲ့သည့် ဟာရီကိန်းမုန်တိုင်းဟယ်လီနာဖြစ်ပွားပြီး နှစ်ပတ်အကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည့် ဖလော်ရီဒါ ပြည်နယ်၏ အစိတ်အပိုင်းများသို့ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ

ဆွီဒင်အကယ်ဒမီသည် တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်ကို ယခုနှစ် စာပေနိုဘယ်ဆုရှင် အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အာရှိနွယ်ဖွား အမျိုးသမီးတစ်ဦးကို စာပေလောက၏ ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဟန်ကန်ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ ဖခင်သည် ကျော်ကြားသောဝတ္တုရေးဆရာ ဖြစ်သောကြောင့် စာပေမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဆွီဒင်အကယ်ဒမီသည် သူ၏ နိုင်ငံတကာအောင်မြင်မှုများ ရရှိပြီးဖြစ်သည့် “The Vegetarian” စာအုပ်ကဲ့သို့သော စာပေလက်ရာများကို မီးမောင်းထိုးပြခဲ့သည်။
The Vegetarian (သက်သက်လွတ်စားသူတစ်ဦး) စာအုပ်ကို ၂၀၀၇ ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည်။ အသားစားခြင်းကို ရှောင်ကြဉ်ခြင်းသည် မိသားစုဝင်များအပါအဝင် မိတ်ဆွေ အပေါင်းအသင်းများနှင့် ကွဲပြားခြားနားသွားသည့်အတွက် အစားအစာ စားသောက်မှုပုံစံတွင် အခက်အခဲအများအပြားနှင့် ရင်ဆိုင်ခဲ့ရသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းကို ရေးသား ထားသည်။
ထို့ပြင် ဆွီဒင်အကယ်ဒမီသည် စာရေးဆရာမ ဟန်ကန်၏ ၂၀၁၆ ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည့် “ The White Book (ဝမ်းနည်းကြေကွဲမှုကို စူးစမ်းရှာဖွေခြင်း)” စာအုပ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ဟန်ကန်၏ စာရေးသားမှုပုံစံသည် ခေတ်ပြိုင်စကားပြေလောကတွင် ကဗျာဆန်ပြီး ဆန်းသစ်မှု အသွင်ဆောင်လျက်ရှိသည်ဟု ဆွီဒင်အကယ်ဒမီက ပြောကြားသည်။
စာပေနိုဘယ်ဆုအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို အောက်တိုဘာ ၁၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ အာဆီယံ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ
Source- MRTV

ဝါရှင်တန် အောက်တိုဘာ ၉
ဟာရီကိန်းမုန်တိုင်း မီတန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅)အဆင့်ရှိ မုန်တိုင်းအဖြစ် ဦးတည်ချဉ်းကပ်လာနေကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။

မီတန်မုန်တိုင်းသည် နှစ် ၁၀၀ အတွင်း ဖလော်ရီဒါပြည်နယ်သို့ တိုက်ခတ်သည့် မုန်တိုင်းများတွင် အဆိုးရွားဆုံးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်သည်ဟု သမ္မတဘိုင်ဒင်က သတိပေးပြောကြားသည်။ ယင်းဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ရေလှိုင်းများ မြင့်တက်လာနိုင်သဖြင့် ကမ်းရိုးတန်းရှိ ဒေသခံများအား သတိပြုနေထိုင်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
ဒေသခံတစ်သန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။ ဒေသခံများအနေဖြင့် ယနေ့တွင် မုန်တိုင်းဆိုင်ရာ ကြိုတင်သတိပေးချက်များကို သတိပြုဆောင်ရွက်ပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်အချိန်ရသေးကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောကြားသည်။
သမ္မတဘိုင်ဒင်သည် အန်ဂိုလာနှင့် ဂျာမနီနိုင်ငံတို့သို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး မုန်တိုင်းကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။

ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်တို့အား ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ဉာဏ်ရည်တုနယ်ပယ်တွင် ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုနှင့် တီထွင်ဖန်တီးမှုများကို ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးသည် ဒီဇိုင်းပုံစံများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ဖန်တီးခြင်းအတွက် ကွန်ရက်တစ်ခုကို တီထွင်ခဲ့ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ပြောသည်။
ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်သည် ဆုံးဖြတ်ချက်များ ချနိုင်သည့် နျူရွန်များ (အာရုံကြောစနစ်များ)ဖြင့် အပြန်အလှန်ချိတ်ဆက်ထားသော ကွန်ရက်အမျိုးအစားတစ်ခုကို တီထွင်ခဲ့သည်။
၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များသည် ဘာသာပြန်ခြင်းနှင့် မျက်နှာပုံဖတ်ခြင်းအပါအဝင် ယနေ့အသုံးပြုသည့် နည်းပညာသုံးသင်ယူမှုအမျိုးအစားများအတွက် အထောက်အကူဖြစ်စေကြောင်းသိရသည်။
ရူပဗေဒ နိုဘယ်ဆုရှင်များကို ၎င်းတို့၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့် ချီးမြှင့်မည်ဖြစ်သည်။