ရုရှားသမ္မတ၏ ရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ် ဝါရှင်တန်သို့ သွားရောက် ဆွေးနွေး

News Image

  • ရုရှားသမ္မတ၏ ရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ် ဝါရှင်တန်သို့ သွားရောက် ဆွေးနွေး

ရုရှားသမ္မတဗလာဒီမာပူတင်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူး ကိုယ်စားလှယ် Kirill Dmitriev သည် ပြီးခဲ့သည့်အပတ်အတွင်း ၃ ရက်တာ ခရီးစဉ် အဖြစ် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်သို့ သွားရောက် ခဲ့သည်။

အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff ၊ အထက်လွှတ်တော်အမတ် Lindsey Graham နှင့် Markwayne Mullin တို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းခရီးစဉ်မှာ ၂၀၂၂ ခုနှစ်ကတည်းက ဆက်ဆံရေး ပြတ်တောက် ခဲ့သော အမေရိကန်နှင့် ရုရှားတို့အကြား ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သို့ သွားရောက်ခဲ့သည့် အဆင့်မြင့်ဆုံး ရုရှားကိုယ်စားလှယ် ၏ ခရီးစဉ်ဖြစ်ပါသည်။

ထိုခရီးစဉ်က အမေရိကန်-ရုရှားဆက်ဆံရေး ပြန်လည်နီးကပ်လာသလို အာတိတ်ဒေသတွင် မဟာမိတ်ဖွဲ့စည်းမှုဖြစ်လာနိုင်ရေး၊ မြေရှားသတ္တုများ ဖွံ့ဖြိုးတိုးတက်လာရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းလိုင်း များ ပြန်လည်စတင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃