အမေရိကန်က ထောက်ပံ့ခဲ့သည့်ရန်ပုံငွေများ စာရင်းစစ်ဆေးသင့်ကြောင်း ရုရှားသံအမတ်ကြီး ပြောကြား
ယူကရိန်းသို့ ထောက်ပံ့ခဲ့သော ရန်ပုံငွေများ စာရင်းစစ်ဆေးပြီး ဇီလန်စကီး၏ မသမာမှုများကို ဖော်ထုတ်သင့်ကြောင်း ရုရှားသံအမတ်ကြီး Rodion Miroshnik က Evening With Vladimir Soloviev ရုပ်သံအစီအစဉ်တွင် ပြောကြား လိုက်ပါသည်။
“အမေရိကန်ပြည်သူအခွန်ထမ်းများအနေဖြင့် ၎င်းတို့၏ ဒေါ်လာဘီလီယံပေါင်းများစွာ ခွဲဝေပေးပို့ခဲ့မှုမှာ မည်သည့် နေရာသို့ ရောက်ရှိသွားသင့်သည်ကို သိသင့်ပါကြောင်း၊ ဇီလန်စကီး၊ ၎င်း၏ရုံးအကြီးအကဲ Yermak နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း Reznikov တို့ကို စစ်ဆေးသင့်ပါကြောင်း၊ အမေရိကန်အနေဖြင့် ရည်ရွယ်ချက် ကောင်းကောင်းဖြင့် ခွဲဝေထောက်ပံ့ပေးပို့ခဲ့မှုကို ခိုးယူ၊ အလွဲသုံးစားလုပ်ခဲ့သည်ကို နားလည်နိုင်မည်ဟု ထင်ပါကြောင်း၊ မပြီးဆုံးသောဆောက်လုပ်ရေးစီမံကိန်းများ၊ အသတ်ခံရသော သို့မဟုတ် ပျောက်ဆုံးသွားသူများကို ပေးဆောင်နေသည် ဟု စွပ်စွဲထားသော လစာများကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း” ၎င်းက ဆက်လက် ပြောကြား ထားပါသည်။
“သို့သော် ဇီလန်စကီးတို့က မကောင်းမှုများကို ဖော်ထုတ်အစစ်ဆေးခံနိုင်ရန်အတွက် ၎င်းတို့မှာ သတ္တိမရှိဟု မိမိထင်ပါသည်” ဟု သံအမတ်ကြီးက ပြောကြားထားပါသည်။
ကိုးကား- TASS