ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ထံမှ သံတမန်ရေးဆိုင်ရာပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် လေးလေး နက်နက်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ဒါချီယက်ဗ် က ပြောကြား
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ထံမှ သံတမန်ရေးဆိုင်ရာပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် လေးလေး နက်နက်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ဒါချီယက်ဗ် က ပြောကြားခဲ့သည်။
အဆိုပါအချက်သည် “နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် အဓိကအရေးပါသည်” ဟု ဧပြီ ၁၀ ရက်နေ့တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပမည့် ရုရှား-အမေရိကန် အလုပ်အမှုဆောင်အဆင့် အစည်းအဝေး မတိုင်မီ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံအနေဖြင့် ဝါရှင်တန်မှ တရားမဝင်သိမ်းယူထားသော သံတမန် ရေးဆိုင်ရာပိုင်ဆိုင်မှုကို ပြန်လည်ရရှိရေးအတွက် အမေရိကန်နှင့် လေးလေးနက်နက်ဆွေးနွေးရန် ဆန္ဒရှိကြောင်းကို ဧပြီလ ၁၀ ရက်တွင် အစ္စတန်ဘူလ်၌ပြုလုပ်မည့် ရုရှား-အမေရိကန်ဆွေးနွေးပွဲများ စတင် မပြု လုပ်မီ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒား ဒါချီ ယက်ဗ်က ရုရှားသတင်းထောက်များသို့ ပြောကြားခဲ့သည်။ “ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံ သမ္မတများ၏ ညွှန်ကြားထားချက်နှင့်အညီ နှစ်နိုင်ငံ သံတမန်ရေးမစ်ရှင်များ၏ လုပ်ငန်းဆောင်တာများ ပုံမှန်ပြန်လည် ဖြစ်စေရန် ကျွမ်းကျင်သူများအကြား ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်နေကြောင်း” ၎င်းက အလေးထားပြောကြားခဲ့သည်။
“ယခင်အမေရိကန်အစိုးရ၏ မတရားသော ကန့်သတ်ချက်များ (ဥပမာ- ရုရှားသံတမန်များ၏ လှုပ်ရှားသွားလာခွင့်၊ ဗီဇာနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံတကာဆက်ဆံရေး လျှော့ချခြင်း) သည် နှစ်နိုင်ငံကြား အဆိပ်သင့်အမွေအနှစ်များအဖြစ် ကျန်ရစ်ခဲ့သည်” ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ထို့အပြင် အမေရိကန်က ရုရှား၏ သံတမန်ဆိုင်ရာ ပစ္စည်းများ ၆ ခုကို သိမ်းဆည်းခဲ့သည့်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ယခုအခါ အဆိုပါ ပြဿနာများကို ဖြေရှင်းရန် ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်း ကြိုးပမ်းနေကြောင်း က ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား - Tass