တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲ ဇွန်လ ၃ ရက်တွင် ကျင်းပရန် စီစဉ်
တောင်ကိုရီးယားနိုင်ငံတွင် ဆိုင်းမဆင့် ဘုံမဆင့် သမ္မတ ရွေးကောက်ပွဲ ကို လာမည့် ဇွန်လ ၃ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း Yonhap သတင်းဌာနက ဧပြီ ၇ ရက်တွင် အစိုးရအမည်မဖော်လိုသူ အရင်းအမြစ် ကို ကိုးကားပြောပြထားပါသည်။
ထိုနေ့ကို ပြည်သူများအား အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ် ရမည်ဖြစ်သဖြင့် မကြာခင်ပြုလုပ်မည့် အစိုးရအဖွဲ့အစည်းအဝေး (Cabinet Meeting) တွင် တရားဝင်အတည်ပြုမည်ဖြစ်ပါသည်။
ဧပြီ ၄ ရက်က တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Court) သည် သမ္မတ Yoon Suk Yeol အပေါ် ကန့်ကွက် ရှုတ်ချမှုကို တညီတညွတ်တည်း အတည်ပြုလိုက်ကြပါသည်။
တောင်ကိုရီးယား နိုင်ငံ၏ တည်ဆဲဥပဒေအရ သမ္မတရာထူး လစ်လပ်သည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပရပါမည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category