အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရမ့် ဆော်ဒီအာရေဗျနိုင်ငံသို့ မေလ အလယ်တွင် သွားရောက်မည်

News Image

  • အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရမ့် ဆော်ဒီအာရေဗျနိုင်ငံသို့ မေလ အလယ်တွင် သွားရောက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ မေလအလယ်တွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က ပြောကြားခဲ့ပါသည်။ “သမ္မတကြီးသည် မေလတွင် ဆော်ဒီ အာရေးဗီးယားသို့ ထွက်ခွာသွားမည်ဖြစ်ပြီး သီးသန့်ရက်စွဲများနှင့် အသေးစိတ်အချက်အလက်များကို ဖော်ပြနိုင်ပါက မိမိတို့အနေဖြင့် အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်သည်” ဟု သူမက ဆိုပါသည်။ ခရီးစဉ်သည် ဂါဇာတွင် အပစ်အခတ် ရပ်စဲရေး သို့မဟုတ် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရန် အခြေအနေရှိမရှိကိုလည်း ကယ်ရိုလိုင်းလီဗစ် အား သတင်း ထောက်များက မေးမြန်းခဲ့ပြီး “အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ သမ္မတကြီးက ရုရှား-ယူကရိန်းနှင့်ပတ်သက်၍ ထိုသို့ဖြစ်လာစေလိုကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး ၎င်း၏ အဖွဲ့သည် နေ့စဉ်အလုပ်လုပ်ဆောင်နေသည်” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အစောပိုင်းက ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကော့ဗ်က TASS သို့ပြောကြားရာတွင် ဆော်ဒီအာရေဗျနိုင်ငံတွင် ရုရှားနှင့်အမေရိကန်သမ္မတများ ဖြစ်သည့် ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမှုဖြစ်နိုင်ခြေကို ဖယ်ထုတ်၍မရသေးသော်လည်း လက်ရှိတွင် သီးသန့်တွေ့ဆုံမှုနေရာကို အတည်ပြုထားခြင်းမရှိသေးဟု ဆိုပါသည်။ အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင်ဝှစ်ကော့ဖ်က Bloomberg အေဂျင်စီနှင့်ပြုလုပ်သော အင်တာဗျူးတွင် ရုရှား အမေရိကန် သီးသန့်တွေ့ဆုံပွဲသည် ဆော်ဒီအာရေဗျ နိုင်ငံတွင်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-TASS

ဓာတ်ပုံ- Biography