သတင်းများ

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

17 July 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၇ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၂၃ ဦးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင် ခဲ့သည်။

အဆိုပါ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၂၄၇ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉,၀၅၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြို့နယ်ပညာရေးမှူးရုံး ထိခိုက်ပျက်စီးကာ အပြစ်မဲ့ ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

17 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာရပ်ကွက်အတွင်းသို့ KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၏ မျက်နှာကြက်/အမိုး/မြင်းမိုရ်ပိတ်/ပြတင်းပေါက်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ပြီး ရပ်ကွက်နေသူများဖြစ်ကြသည့် မကြယ်စင်လင်းလဲ့(၁၆)နှစ်နှင့် မောင်စိုးမိုးထက်(၁၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်ကြီးနားခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ရုံးအဆောက်အအုံနှင့် အပြစ်မဲ့ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာခွဲတာဝန်ခံ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

17 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင် အယူအဆမတူသူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီတွင် ရေးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးကျော်ထူး(၆၂)နှစ်သည် ရေးမြို့မှ လေးအိမ်စုကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သင်္ဃန်းကျွန်းကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် ဇူလိုင် ၁၆

ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုးလမ်းမကြီးနှင့် မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃)ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် တရုတ်- မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်လမ်းမကြီး(အမှတ် ၁၄ အာရှ လမ်းမကြီး)သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး ပြင်ဦးလွင်- မန္တလေးမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ရွာများနှင့် ကျောက်မဲမြို့မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများသို့လည်း ဆက်သွယ်သွားလာနိုင်သည့် မြို့ဖြစ်သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/72328

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရာအိမ်မှူး တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

16 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လက်ပံတံခါးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရာအိမ်မှူး တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၁၄ ရက် ည ၁၀ နာရီတွင် အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးဝင်းနိုင် (၅၈)နှစ်သည် ကျေးရွာအနီးရှိ ရေကာတာတမံပေါ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းနိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

16 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေး တိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ အင်းပျက်ကျေးရွာအုပ်စု၊ ဂျင်းရဲတဲတိုက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးသူရဆွေ(ခ)အကြီးကောင်(၄၁)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆိုကာ နေအိမ်အနောက်ဘက်ရှိ ချောင်းကမ်းပါးသို့ ဖမ်းဆီး ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသူရဆွေ(ခ)အကြီးကောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နေအိမ်အတွင်း ပစ္စည်းခိုးရန် ဝင်ရောက်ကာ မိသားစုဝင် သုံးဦးအား ဓားဖြင့် ထိုးခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနေ  ဒေါ်တင်ထွေး(၄၂)နှစ်(ဘ)ဦးဖာကီးသည် နေအိမ်၌ အိပ်ပျော်နေရာမှ နိုးလာစဉ် ၎င်း၏အိပ်ခန်းအတွင်း လူတစ်ဦး ရပ်နေသည်ကိုတွေ့ရှိရ၍ မေးမြန်းစဉ် ထိုသူမှ ဓားဖြင့် ထိုးသဖြင့် မီးဖွင့်ကြည့်ခဲ့ရာ ခြံချင်းကပ်နောက်ဖေးအိမ်နေ ညွန့်ဝင်း(၄၃)နှစ်(ဘ) ဦးကြည်လွင်ဖြစ်ကြောင်း သိရှိရပြီး အော်ဟစ်အကူအညီတောင်းစဉ် အိမ်ရှေ့ခန်း၌အိပ်နေသည့် ခင်ပွန်းဖြစ်သူ ဦးစောသိန်းမြင့်(၄၂)နှစ်(ဘ)ဦးစောအွာသိမ့်နှင့် တစ်ဝင်းတည်းနေ ခေါင်းရင်းအိမ်၌ အိပ်နေသည့် သမီးဖြစ်သူ မနန်းလင်းကြည်ကြည်မွန်း(၁၆)နှစ် (Grade-11 ကျောင်းသူ)တို့ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးစဉ် ညွန့်ဝင်းမှ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့အား ဓားဖြင့် ထပ်မံထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစောသိန်းမြင့်တွင် လည်ပင်း၊ ရင်ဘတ်၊ ချိုင်းအောက်၊ နောက်ကျောတို့၌ ထိုးသွင်းဒဏ်ရာ လေးချက်၊ မနန်းလင်းကြည်ကြည်မွန်းတွင် ဝဲဘက်ရင်အုံအပေါ်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးခဲ့ပြီး ၎င်းတွင် လည်ပင်းဝဲဘက်၊ ယာနံဘေးတို့၌ ထိုးသွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့သဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရ သောကြောင့် ဘားအံမြို့မရဲစခန်း (ပ)၈၇/၂၀၂၅၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူတရားခံ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ လမ်းသွယ်(၃)လမ်းနေ ညွန့်ဝင်း(၄၃)နှစ်(ဘ)ဦးကြည်လွင်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ညွန့်ဝင်းအား ဒေါ်တင်ထွေး၏ နေအိမ်ဈေးဆိုင်ရှေ့ ခုံတန်းပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ညွန့်ဝင်းမှာ ပြစ်မှုကျူးလွန်ခြင်းကို အစပိုင်း၌ ဝန်ခံခြင်းမရှိသော်လည်း ၎င်းအသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများအား ဒေါ်တင်ထွေး၏ ခြံအနီးမြေကွက်လပ်အတွင်းမှ သိမ်းဆည်းရမိသည့် အချိန်မှ ၎င်းပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံထွက်ဆိုခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း၏ ထွက်ဆိုချက်အရ ၎င်းမှာ ၂၀၁၅ ခုနှစ်မှစ၍ ဒေါ်တင်ထွေးတို့ မိသားစုနှင့် ခြံချင်းကပ်နေထိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်အစပိုင်းတွင် ဒေါ်တင်ထွေးထံမှ ငွေကျပ် သိန်း ၅၀ အား အတိုးဖြင့်ရယူကာ ဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်လျက်ရှိရာ ဒေါ်တင်ထွေးမှ ၎င်းချေးယူထားသည့် ငွေကျပ် သိန်း ၅၀ ကျပ်အား ဇူလိုင်လအကုန်တွင် ပြန်လည် ပေးဆပ်ရန် ပြောကြားခဲ့၍ ၎င်းတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်တင်ထွေး၏ နေအိမ်မှ ငွေကြေးများ ခိုးယူရန်ကြံစည်ခဲ့ပြီး ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီတွင် ဒေါ်တင်ထွေး၏ နေအိမ်အတွင်းသို့ အရိုး/အသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ယူဆောင်ကာ တစ်ဦးတည်း ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်း၌ ငွေကြေးများ လိုက်လံရှာဖွေနေစဉ် ဒေါ်တင်ထွေးနိုးလာပြီး ၎င်းအားတွေ့ရှိသွား၍ ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း၊ ဒေါ်တင်ထွေးမှ မီးဖွင့်၍ အော်ဟစ်အကူအညီတောင်းခံသဖြင့် ဒေါ်တင်ထွေး၏ခင်ပွန်းနှင့် သမီး ဖြစ်သူတို့ ရောက်ရှိလာကာ ဝိုင်းဝန်းဖမ်းဆီးသဖြင့် ၎င်းမှ ဓားဖြင့် ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် ဓားဦးချွန်နှင့် နက်ပြာရောင် မိုးကာအင်္ကျီတို့အား ဒေါ်တင်ထွေး၏ ခြံချင်းကပ်လျက် မြေကွက်လပ်အတွင်းသို့ စွန့်ပစ်ကာ ၎င်း၏နေအိမ်၌ ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ခဏအကြာ ပတ်ဝန်းကျင်ရှိ လူများနှင့် ရောနှော၍ ဒေါ်တင်ထွေး၏ နေအိမ်အား သွားရောက်ကြည့်ရှုကာ ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ နေအိမ်အတွင်း ပစ္စည်းခိုးယူရန် ဝင်ရောက်စဉ် အိမ်ရှင်နိုးလာသဖြင့် အိမ်ရှင်နှင့် မိသားစုဝင်များအား ဓားဖြင့်ထိုးကာ ပတ်ဝန်းကျင်လူများနှင့် ရောနှောကာ ဖုံးကွယ်နေထိုင်ခဲ့သူ ညွန့်ဝင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ

16 July 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “@user662681067808” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ မြေနုသဲကျောကျေးရွာနေ ထွန်းနိုင်(ခ)ကျားကြီး(ခ)ကရင်ကြီး(၄၇)နှစ် အား မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။

16 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဆောက်အအုံများ၊ လမ်း၊ တံတားများနှင့် လူစည်ကားရာ နေရာများ၌ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က ကွင်းကြီးကျေးရွာအရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ရေစုပ်ပင်ကျေးရွာဘက်မှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ ရုံးအဆောက်အအုံ တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များအား ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီး၌ မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38/EE-XXXX NISSAN AD VAN မော်တော် ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၂,၈၃၆ ဘီလီယံ တန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water ၂၂ ဒသမ ၆ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆,၇၈၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄,၂၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား (ဒေသကာလ တန်ဖိုး ငွေကျပ် ၁,၀၈၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sunသည် မိုင်းရယ်မြို့မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။