သတင်းများ

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၄ မျိုး၊ လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၃၄၅၈၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်Nissan Diesel Truck သုံးစီး၊ Hino Ranger Truck တစ်စီး၊ Yar Zar Tun Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၈၄၅၈၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၅၈၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၉၅၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ပလိပ်မြို့ UPG စက်ရုံအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၁၆၇၅၄၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Anhui Ankai Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၂၉၂၅၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်း ၆၅ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇၀၁၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေမဲဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၄၉၁၈၅၂)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. MCL-12 ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အမှတ်(၂) လမ်းမကြီးစီးပွားရေးတက္ကသိုလ်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၄၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်- ပဲခူးလမ်းဟောင်း ဘုရားကြီးလမ်းဆုံအနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၇၂၄၇၆၃၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ခုနစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၈ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၄၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၆၈၈၆၆၉၂)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

MOI

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမှတ်တမ်းဓာတ်ပုံ။

12 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ နွယ်တမယ်ကျေးရွာနေ ဦးပိုင်သက်ခိုင်(၃၁)နှစ်အား ယာခြေသလုံး မိုင်းထိမှန်၍ ကျိုးနေသည့် ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေအိမ်မှ တောင်ပိုကျေးရွာသို့ ခြေလျင်သွားစဉ် နွယ်တမယ်ကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့် အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးထိမှန်၍ အပြစ်မဲ့အရပ်သား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

12 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရေလမော်ကျေးရွာနေ ဦးခင်မောင်ဆွေ(၄၀)နှစ်အား မျက်လုံး၊ ပခုံး၊ ခြေထောက်တို့၌ ဗုံးသီးစ ထိမှန် ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရေလမော်ကျေးရွာ၏ အရှေ့ဘက် ဧရာဝတီမြစ်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေစဉ် ၎င်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချခဲ့သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

12 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

12 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များအား ပစ်ချတိုက်ခိုက်ခဲ့ရာ ကညွတ်ကွင်းအနောက်(၂)ရပ်ကွက်အတွင်းသို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်နော်လီစိုး(၃၉)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကညွတ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှု ရာဇ၀တ်ဂိုဏ်း၏ အဓိကအဖွဲ့ဝင် ၂၁ ဦးကို တရုတ်နိုင်ငံက တရားစွဲဆို

မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှု ရာဇ၀တ်ဂိုဏ်း၏ အဓိကအဖွဲ့ဝင် ၂၁ ဦးကို တရုတ်နိုင်ငံက တရားစွဲဆို လိုက်ကြောင်း Xinhua Net သတင်းကဖော်ပြသည်။

တရုတ်နိုင်ငံ၏ ဥပဒေများနှင့်အညီ မြန်မာနိုင်ငံမြောက်ပိုင်းတွင် လည်ပတ် နေသော အွန်လိုင်းလိမ်လည်မှု ရာဇ၀တ်ဂိုဏ်းတစ်ခု၏ အဓိကအဖွဲ့ဝင် ၂၁ ဦးကို လိမ်လည်မှု၊ ကာစီနိုဖွင့်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရုတ်နိုင်ငံတွင် အရပ်သားများကို အဓိက ပစ်မှတ်ထားသည့် အခြားပြစ်မှုများအပါအဝင် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆိုထားသည်ဟု ရေးသားဖော်ပြပါသည်။

ကိုးကား - Xinhua

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တစ်ဦး သေဆုံးမှုမှတ်တမ်းဓာတ်ပုံ။

12 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်နေ မြို့နယ်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း (၅၅)နှစ်အား ပုံလော(ပုန်းလောင်း)ကျေးရွာအနီးရှိ ၎င်းပိုင်တောင်ယာတဲအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးစိုင်းငေါင်းဆိုင်ဟိန်းအား တောင်ယာတဲအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၈ နာရီတွင် နေအိမ်မှ တောင်ယာတဲသို့ တစ်ဦးတည်းသွားရောက် အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စိစစ်ဆဲနိုင်ငံခြားသားအချို့၏ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေရန် စစ်ရေးဆိုင်ရာအကြံပေးမှုနှင့် ဆေးကုသရေးအဖွဲ့အချို့ ကိုယ်တိုင်ပါဝင်ပြီး မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အခြာလမ်းဆုံတစ်ခုဖြစ်သည့် မိုးဗြဲမြို့ တစ်မြို့လုံးအား ထိန်းချုပ်ခဲ့မှုအပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation)ကို အဆင့်ဆင့်ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ပြီး မိုးဗြဲမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည့်နောက် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေးလမ်းပိုင်းအပါအဝင် ၎င်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထားသည့် ဝါရီကောခူနှင့် ဆောင်ကန်း(ကယား) ကျေးရွာ ၂ ရွာတို့အား ဇူလိုင်လ ၇ ရက်နေ့မှစတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိသည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်။ 

ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ ၃ ဦး သေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး မိမိအရာရှိ၊ စစ်သည်အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။ 

ယခုကဲ့သို့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့မှ ပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင်ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ကြပြီဖြစ်ကာ လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများမှာလည်း ပိုမိုလွယ်ကူလျင်မြန်ခြင်းမှတစ်ဆင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးဒဏ်သင့် မြို့ရွာများရှိ ဒေသခံပြည်သူလူထုများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့မှလည်း အထိုက်အလျောက် သက်သာစေမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိဖြစ်ရမှုတို့ကိုလည်း ကြားသိရပါကြောင်းနှင့် မြဝတီရုပ်မြင်သံကြားအဖွဲ့သူ၊ အဖွဲ့သားအားလုံးမှ တိုက်ပွဲဝင်တပ်မတော်သား အရာရှိ၊ အကြပ်၊ စစ်သည်များအား လေးစားစွာဖြင့် ဂုဏ်ပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၁၁ 

ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် အေးသာယာကျေးရွာအနီးတွင် မန္တလေးမှကလေးသို့ နိုင်လင်းအောင် (ခ) မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင် (ခ) သားငယ်လိုက်ပါလာသည့် MDY-14 8I/xxxxI ZONE အမျိုးအစား ၁၂ ဘီး ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ) အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို မန္တလေးတိုင်း ဒေသကြီးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် ပါကစ္စတန် နိုင်ငံသား တစ်ဦးတို့အား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

11 July 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း နှစ်ဦးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၂၂၄ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉,၀၀၉ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

11 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဦးကျော်ဇင် (၃၀)နှစ်အား ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၁၁ နာရီတွင် ရွှေဘိုမြို့အနောက်ဘက် ငါးမိုင်ခန့်အကွာရှိ ကျွန်းတောအတွင်းရှိ ရေကန်၌ ငါးမျှားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။