အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ စာသင်ကျောင်းများတွင

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ခြိမ်းခြောက်စာ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ နေအိမ်လိုင်းခန်းခြံတံခါး ဝါးကပ်ကြားတွင် ကပ်ထားသည့် “သတိပေး ထုတ်ပြန်ချက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပညာသင်ကြားနေသော ဦးရဲဝင်းလှိုင်နှင့် ပရပ်ကြယ်အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဒေါ်ယမုံဖူးတို့အား မကွေးပြောက်ကျားတပ်ဖွဲ့ ခြေမြန်တပ်ရင်း PDF အဖွဲ့မှ ကျည် တစ်တောင့်နှင့်အတူ သတိပေးထားခြင်းဖြစ်ပါသည်၊ ပြောက်ကျားခေါင်းဆောင် ဗိုလ်တာတီး” ဟု ရေးသားထားသည့် စာတစ်စောင်နှင့် ၇.၆၂ x ၃၉ ကျည် တစ်တောင့်တို့အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ သမြင်းကင်းကျေးရွာနေ ဦးခိုင်လွင်ဦး(၄၁)နှစ်နှင့် ကျီးသိုက်ကျေးရွာနေ ဦးမျိုးဇေယျာ(၄၁)နှစ်တို့သည် ကျီးသိုက်ကျေးရွာတောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ ယာခင်းသို့ ဆိုင်ကယ် တစ်စီးဖြင့် သွားရောက်စဉ် ယာခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆေးကုသမှုခံယူနေစဉ် ဦးမျိုးဇေယျာမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတို့၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၆၃ ဦးအား မတ် ၁၆ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆,၅၉၉ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃,၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃,၀၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
အဆိုပါထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၆,၅၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ဂျပန်၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ကိုကျော်လွန်၍ ပြည်ခရိုင်၊ ညောင်ကျိုးရှိ တပ်မတော်စခန်းအား လာရောက်ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်နေသည့် AA နှင့် ပူးပေါင်း အဖွဲ့ များအား မြန်မာ့တပ်မတော်မှ မတ်လ ၁၆ ရက်နေ့အထိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

“ညောင်ကျိုးပင်မစခန်းကြီးဘေးက ကာကင်းကုန်းပတ်လည်ကို AA အကြမ်းဖက်အဖွဲ့က ဓါတ်ဆီပုံးများကို ဒရော့ဗုံးမှာချိတ်ဆွဲ တိုက်ခိုက်ခဲ့ပြီး မီးများလောင်နေစဉ် ည ၁၁ နာရီအချိန်၌ AA အကြမ်းဖက်အုပ်စုက ကျားတက်ထိုးရာတွင် မိမိတို့၏ရှေ့ထွက်မိုင်းများနင်းမိကာ ၇ ဦး သေဆုံး သွားပြီး ၁ ဦးဒဏ်ရာရရှိသည်။ လက်ရှိအချိန်မိမိဘက်မှ ကာကင်း လက်လွတ်လိုက်ရကာ ၎င်းတို့အကျဆုံးများပြီးမှသာ ကာကင်းကိုရသွားခြင်း ဖြစ်သည်။ သို့သော်ရန်သူသည် ကာကင်းကို ရသွားသော်လည်း မိမိပင်မ စခန်းနားကို မကပ်ရဲသေးပါဘဲ မိမိဘက်မှ လေကြောင်းအပြင် စက်တပ်လေထီးများ နှင့်ပါ ညောင်ကျိုးစခန်း မကျရေးအတွက် ပြင်းပြင်းထန်ထန်တုန့်ပြန်ပြီး ညောင်ကျိုးရှိမိမိအဖွဲ့များ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေဆဲ ဖြစ်ပါသည်” ဟု NP News ၏ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ညောင်ကျိုးကိုတက်လာသည့် သောင်းကျန်းသူ အဖွဲ့များတွင် အချို့ အမျိုးသမီးငယ်များတွင် အဝတ်အစားများ မကပ်နိုင်တော့သည်အထိ အသိစိတ်ပျောက်ပြီး မျက်လုံးများနီရဲနေသည်အထိ စိတ်ကြွဆေးကို အတင်းကျွေးခံထားရကြောင်း ၊ လူများကိုရက်ပိုင်းခန့် သင်တန်းပေးပြီး လက်ပစ်ဗုံးများကိုယ်စီနှင့် သေနတ်ကျည်အနည်းငယ်ပေးပြီး လူမဆန်စွာ တက်လုံးခိုင်းနေကြောင်း၊ AA ရသည့် လူအင်အားများသည် ရိုးမပေါ်မှ ချင်းများ ၊ ရခိုင်ရွာများ စသည့် ရွာများတွင်နေသည့် ကျား၊ မ အားလုံးကို အတင်းအဓမ္မဆွဲခေါ်ခဲ့ကြောင်း၊ ထိုအထဲတွင်ဗမာ PDF များလည်းပါကြောင်း၊ ထို့အပြင် ရှမ်းမြောက်တွင် တပ်မတော်မှ စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်လာချိန်တွင် AA သည်လည်း ၎င်း၏မဟာမိတ်များ အသက်ရှူချောင်စေရန် အတွက် ပဲခူးအနောက်ဖက်ခြမ်းကို တိုက်ပွဲဖော်ဆောင်ပေးရဟန်ရှိကြောင်း အခြား သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ကိုးကား-NP News

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးကိုအကြောင်းပြကာ လက်နက်ဆွဲကိုင်ပြီး နာမည်အမျိုးမျိုးတပ်၍ ဖွဲ့စည်းထားရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများသည် “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟုသဘောထားကာ အေးချမ်းစွာနေထိုင်လျက်ရှိသော ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ရုံသာမက ၎င်းတို့လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအတွင်း၌ပါ ဥပဒေမဲ့ တရားလက်လွတ် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်းကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြနေကြသည်ကိုတွေ့ရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ် ၃ ရက် မွန်းလွဲ ၁ နာရီတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ်၊ ဒုတပ်မဟာမှူး ဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားကြောင်း၊ မတ် ၁၃ ရက်တွင် ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနေရာ၌ ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်၏ အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ထားသော ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း၊ ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်၏ သေဆုံးမှုသည် ကယန်းပြည်သစ်တပ်မတော်မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်းကျူးလွန်သူများကို ပြင်းထန်စွာအရေးယူပေးရန် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနမှ သဘောထားကြေညာချက်ထုတ်ပြန်၍ ကယန်းပြည်သစ်တပ်မတော်သို့ တောင်းဆိုထားကြောင်းတွေ့ရသည်။
ကယန်းပြည်သစ်တပ်မတော်(KNLP)သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးရွာတွင် ခြေကုတ်ယူထားသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ဥက္ကဋ္ဌမှာ သန်းစိုးနိုင် ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ(KNLRC)ကို ဗိုလ်မှူးချုပ် အိုက်စ်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်ကြောင်း သိရပါသည်။
NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော်မှ ခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုဟာ ဘယ်လိုပြစ်မှုမျိုးကျူးလွန်ခဲ့၍ သတ်ဖြတ်ခဲ့ကြောင်း ဖြေရှင်းပေးခဲ့ခြင်းလည်း မတွေ့ရှိရသေးပါ။
အကြမ်းဖက်လက်နက်ကိုင်များ ကြီးစိုးသောနယ်မြေများတွင် အေးချမ်းစွာနေထိုင်ကြသည့် ရဟန်းရှင်လူပြည်သူများကိုသာမက ၎င်းတို့ လက်နက်ကိုင်အချင်းချင်းကိုပါမချန် အကြောင်းအမျိုးမျိုးပြကာ ခေါင်းစဉ်အမျိုးမျိုးတပ်စွပ်စွဲ၍ ဥပဒေမဲ့ တရားလက်လွတ် လုပ်ကြံသတ်ဖြတ်မှုများ မည်မျှဖြစ်ပွားခဲ့ပြီးကြောင်း မသိရှိနိုင်ပါ။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ အမြန်ဆုံး အဆုံးသတ်စေရေး လက်နက်အားကိုး၍ အနိုင်ကျင့် ဗိုလ်ကျနေကြသည့် အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ခံအားပေးခြင်း၊ ကူညီခြင်းများ မပြုလုပ်ကြရန်နှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် ၎င်းတို့နှင့်အတူ အနီးကပ်နေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးတိုက်တွန်း ဖော်ပြအပ်ပါသည်။

၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေ
၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် တင်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၃၉(B)လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ မသီရိဒုံနှင့် မဝါဝါစိုတို့အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာနယ်မြေဖြစ်သော မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင်လူမျိုးများပင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
TNLA က လူသစ်စုဆောင်းရာတွင် မြို့ခံတပ်ဖွဲ့ ဖွဲ့စည်းရန် ဟု ခေါင်းစဉ်တပ်ထားပြီး အသက် (၁၈) နှစ်မှ (၄၅) နှစ် အတွင်း မည်သည့် လူမျိုးကိုမဆို စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“တော်တော်လေးစုတယ်။ ယောကျာ်းလေးတင်မဟုတ်ဘူး မိန်းကလေး ပါစုနေတာ။ ပလောင်အချင်းချင်းတောင် အဆင်မပြေဘူး။ မြို့စောင့်တပ်ဆိုတာက သူတို့မှာ PDF လည်းရှိတာပဲလေ။ PDF က TNLA ကို ကျေမှ မကျေနပ်တာ။ လူတော်တော်များများက TNLA ထက်စာရင် PDF ကိုပဲ အားပေးမှာပေါ့။TNLA ကတော့မိုးကုတ်မှာ လုပ်ကိုင်စားနေရတာက ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာ။ သူတို့စည်းလုံးမှုမရှိပါဘူး။ ပွင့်ပွင့် လင်းလင်းပြောရရင် ပြည်သူမပါဘူး။ သူတို့နောက်မှာ ပြည်သူမပါဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ လူသစ်စုရာတွင် ပလောင်လူမျိုးများကပင် TNLA အဖွဲ့အတွင်း ဝင်ရောက်ရန် ဆန္ဒမရှိသည့်အတွက် ၎င်းတို့၏သားသမီးများကို ရရာ နည်းလမ်း ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပြည်ပနိုင်ငံများသို့ ပို့ဆောင် ပေးခြင်း များလည်းရှိနေကြောင်း အထက်ပါဒေသခံက ဆိုသည်။
“လီဆူးတွေဘာတွေလည်း အကုန်ပါတာဆိုတော့ လီဆူးတွေကတော့ မတတ်သာတဲ့ လူတွေကတော့ PDF တွေ လုပ်လိုက်တယ်။ ပလောင်ထဲ မဝင်ရရင်ပြီးရောပေါ့။ ပလောင်ထဲမဝင်ရင်ပြီးရောဆိုတော့ သူတို့ဟာ သူတို့ သီးခြားလုပ်လိုက်တာ။ မိုးကုတ်မှာ လူမျိုးပေါင်းစုံပဲ။ မိုးကုတ်မှာ စီးပွားရေးမြို့ဆိုတော့ ကိုယ့်ဘာသာကိုယ် အလုပ်ကိုပဲအေးဆေး လုပ်ချင်နေတာလေ။ လုပ်ချင်နေတဲ့အချိန်ကျတော့ လုပ်လို့မရတော့ဘူး။ ပလောင်က သူ့အထဲကို ယောကျာ်းလေးရော မိန်းကလေးရော ဝင်ရ တော့မယ်ဆိုတော့ တချို့ မတတ်သာတဲ့လူက PDF ထဲဝင်တယ်။ များသောအားဖြင့်တော့ ရှောင်ထွက်သွားတယ်ပေါ့။ ပလောင် အချင်းချင်း ကိုက အဲဒီဟာကို လက်မခံဘူး။ ပလောင်အချင်းချင်းကို သူတို့သားသမီး ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပို့တယ်။ တချို့ဆို နယ်စပ်ကို ပို့တယ်။ တချို့ဆို နိုင်ငံခြားပို့လို့ရတယ်ဆို နိုင်ငံခြားပို့တယ်” ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။ ထို့ပြင် TNLA က ပြီးခဲသည့် ဖေဖော်ဝါရီလ နှင့် ယခုမတ်လအတွင်း မိုးကုတ်မြို့ရှိ ရပ်ကွက်တချို့တွင် အိမ်ထောင်စု စာရင်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ နောက် TNLA ၏ လူသစ်စုဆောင်းခြင်းအစီအစဉ် စတင်လိုက်သည့် အချိန်မှစ၍ အဝေးပြေးကားလိုင်းအချို့ မိုးကုတ်မြို့မှ ထွက်ခွာခွင့် အပိတ်ခံထားရသည့်အတွက် မြို့ခံများစွာ အခက်အခဲဖြစ်နေကြောင်းလည်း အခြားသောဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ TNLA သည် မိုးကုတ် မြို့အပါအဝင် ရှမ်းမြောက်ဒေသရှိမြို့(၁၁)မြို့ကို ထိန်းချုပ်ထားပြီး ယင်း ဒေသများတွင်လည်း လူသစ်စုဆောင်းခြင်းများအရှိန်မြှင့်လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။
အလားတူ KIA နှင့် MNDAA တို့ကလည်း ၎င်းတို့ထိန်းချုပ်ထားရာဒေသ များတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူသစ်စုဆောင်းခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်နေသည့်အပြင် AA လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွင် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သနဝကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုငြိမ်းသူ(၂၉)နှစ်သည် ၎င်း၏နေအိမ်မှ ဖလံကျင်းကျေးရွာသို့ ခြေလျင်သွားရောက်စဉ် သနဝကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာရှိ ပဲခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုငြိမ်းသူတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထန်းတပင်မြို့နယ်၊ အနောက်မြောင်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးညွန့်ဝင်း(၅၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ - တရုတ် - ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၅ ဦးကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းန
မြန်မာ - တရုတ် - ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၅ ဦးကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
အလားတူ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၆၀ ဦးကို မတ် ၁၄ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆၂၇၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၈၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်များရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းလွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။