နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး သည်။

ဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်က နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လွိုင်ကော်မြို့နှင့် လွိုင်ကော်လေဆိပ် လုံခြုံရေး၊ လမ်း၊ တံတားများလုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တပ်နယ်များအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ KNPP အဖွဲ့ ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန်လုပ်ဆောင်လျက်ရှိမှု၊ နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ဖမ်းဆီးရမိမှုနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရမိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၁ ခုနှစ်မှစတင်၍ လွိုင်ကော်ဒေသအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲများတစ်ချိန်တည်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအနေဖြင့် ကြံ့ကြံ့ခံ၍ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ကယားပြည်နယ်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး သည်။

ဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF အမည်ခံအကြမ်းဖက်သမား များ အလင်းဝင်ရောက်လာမှု၊ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများမရှိအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေဖြင့် ယခင်ကတည်းကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ဒေသများအတွင်း၌လည်း အကြမ်း ဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွား ရန်လိုကြောင်း၊ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့၊ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း။
ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်းမွန်သော ပြည်သူ့ရေးရာဝန်ဆောင်မှုဖြစ်စေရန်နှင့်ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ လိုက်ပါ၍ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်း မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက်ရန် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန် (Mr. Mongkol Visitstump) ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ BIMSTEC ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိ နေသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား၂၀၂၄ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker အားလည်းကောင်း၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel အားလည်းကောင်း၊ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval အားလည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယမန်နေ့က အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire အားလည်းကောင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အားလည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲလာမှု အခြေအနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် မြို့လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဧပြီ ၂၇ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ရာ ရန
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် မြို့လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဧပြီ ၂၇ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ပါဝင်ဆွေးနွေး
ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပသည့် စတုတ္ထအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-ရုရှားပူးတွဲဥက္ကဋ္ဌတာဝန်ယူ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံမှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေမှု၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ-ရုရှား ဆက်ဆံရေးဆိုင်ရာ Coordinator အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး လက်ရှိဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ပါဝင် ဆွေးနွေးခဲ့သည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အကြိုနှုတ်ခွန်းဆက်စကားကို ဗီဒီယိုမက်ဆေ့ဖြင့် ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် တာဝန်ရှိသူတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
ယင်းနောက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များသည် ထွန်းသစ်စနိုင်ငံကြီးများ အပါအဝင် ဗဟို မဏ္ဍိုင်ပြု ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ သတင်း လုံခြုံရေးဆိုင်ရာ အာမခံချက်ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် (၁၉၄၁-၁၉၄၄) ခုနှစ်များအတွင်း လီနင်ဂရက်မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှု ကြောင့် သေဆုံးသွားသူများ အထိမ်းအမှတ်နေရာတွင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုတို့မှ တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုမွန် တောင်းစကား ပြောကြားခဲ့သည်။
ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့အစီအစဉ်ဖြစ်သည့် နိုင်ငံတကာလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေးကြန်အင်လက္ခဏာနှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးခဲ့သည်။
တက်ရောက်ဆွေးနွေး
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော စားပွဲဝိုင်းဆွေးနွေးပွဲ၌ သဘာဝနှင့် လူတို့ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်မျိုးသန့်က တက်ရောက်ဆွေးနွေးခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေး (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား နယ်ပယ် ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
သီးခြားစီတွေ့ဆုံ
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenging နှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval နှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed Siddque နှင့်လည်းကောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး Mr. Somvanh Saylongpha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဘင်းမ်စတက် ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အပြန်အလှန်မျှဝေရေး ကိစ္စရပ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ ဆောင်ရွက်နေမှု အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဖရိကနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲ Mr. Abdulaziz Ahmed Adem နှင့် မိုဇမ်ဘစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး Mr. Pascoal RONDA တို့နှင့်လည်း တွေ့ဆုံခဲ့ကာ နိုင်ငံအချင်းချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော မြန်မာကိုယ်စားလှယ်များသည် ဆက်စပ်ဆွေးနွေးပွဲများအား တက်ရောက်နေစဉ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Expo-forum အတွင်း စစ်ဘက်နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထား သည့် စစ်ဘက်နည်းပညာဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။