OpenAI ၏ နောက်ကွယ်ကအကြောင်းအရင်းများကို ဖောက်ချခဲ့သည့် OpenAI ဝန်ထမ်းဟောင်းတစ်ဦးကို San Francisco က ၎င်း၏ တိုက်ခန်းတွင် သေဆုံးလျက်သားတွေ့ရှိ

News Image

  • OpenAI ၏ နောက်ကွယ်က အကြောင်းအရင်းများကို ဖောက်ချခဲ့သည့် OpenAI ဝန်ထမ်းဟောင်းတစ်ဦးကို San Francisco က ၎င်း၏ တိုက်ခန်းတွင် သေဆုံး လျက်သားတွေ့ရှိ

OpenAI ၏ နောက်ကွယ်က အကြောင်းအရင်းများကို ဖောက်ချခဲ့သည့် OpenAI ဝန်ထမ်းဟောင်းတစ်ဦးကို San Francisco က ၎င်း၏ တိုက်ခန်းတွင် သေဆုံးလျက် သားတွေ့ရှိခဲ့ရပါသည်။ အသက် ၂၆ နှစ် အရွယ် Suchir Balaji ဆိုသူသည် OpenAI ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ နည်းပညာရှင် တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ OpenAI ကနေ အလုပ်ထွက်ပြီးနောက်ပိုင်းတွင် Balajiသည် The New York Times နှင့် interview တစ်ခုပြုလုပ်ခဲ့ပြီး “OpenAIသည် အင်တာနက်ပေါ်က အလွန်များပြားသည့် အချက်အလက် (data) များကို ခွင့်ပြုချက်မရှိဘဲ ယူသုံးပြီး ၎င်းတို့၏ ChatGPT ကို လေ့ကျင့်သင်ကြားပေးခဲ့ရာတွင် ၎င်းကိုယ်တိုင် ပါဝင်ပေးခဲ့ရကြောင်း” ဖွင့်ချခဲ့ပါသည်။ .

ထို့အပြင် OpenAI သည် YouTube ပေါ်က အချက် အလက် (data)များကို ယူသုံးရန်အတွက် ကိုယ်ပိုင် Transcription Software တစ်ခုကိုလည်း ဖန်တီးထား ကြောင်း၊ အစပိုင်းတွင် Balaji အနေဖြင့် မူပိုင်ခွင့်ကိစ္စ များကို မသိခဲ့ကြောင်း၊ နောက်ပိုင်းတွင် AI Company များကို မူပိုင်ခွင့်ကိစ္စများနှင့်ပတ်သက်ပြီး တရားစွဲလာ ကြသည်ကို တွေ့လာသဖြင့် လေ့လာကြည့်သည့်အခါ AI Company များသည်  မူပိုင်ခွင့်ချိုးဖောက်နေကြ ခြင်းကို တွေ့ရကြောင်း ပြောကြားခဲ့ပါသည်။

Balaji နှင့် interview အပြီး သိပ်မကြာခင်တွင် The Times သည် OpenAI ကို မူပိုင်ခွင့်ကိစ္စများနှင့် ပတ်သက်ပြီး တရားစွဲဆိုခဲ့သော်လည်း OpenAI CEO Sam Altman က OpenAI အနေဖြင့် အမှားလုပ်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေရှင်းထားပါသည်။

သို့သော် ယခု Balaji သေဆုံးမှုသည် သတ်သေမှုဖြစ် ကြောင်း ရဲဖက်က မှတ်ချက်ပေးထားပြီး နောက်ဆက်တွဲ သတင်းများ ရှိကောင်းရှိလာနိုင်ပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ
Photo- Business Standard