အီဂျစ်နိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

News Image

  • အီဂျစ်နိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

အီဂျစ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု မြှင့်တင်သည့်အနေဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို နိုင်ငံတောင်ပိုင်း အက်ဝမ်ဒေသတွင် ဝန်ကြီးချုပ် မူစတာဖာ မတ်ဗော်လီက ဒီဇင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

၎င်းစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းသည် နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု မြှင့်တင်ခြင်း ဆိုင်ရာ အရေးကြီးသည့်ခြေလှမ်းဖြစ်ပြီး နိုင်ငံ၏သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းဖြင့် အာရပ်နိုင်ငံများနှင့် ပြည်ပနိုင်ငံများအား အီဂျစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယင်းစက်ရုံသည် အိမ်ခြေ ၂၅၆၀၀၀ ကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပြီးတစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို တန် ၇၆၀ အထိ လျှော့ချနိုင်မည်ဟု သိရသည်။ 

Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ