အသံထက်မြန်ခရီးသည်တင် လေယာဉ်များ ပြန်လည် ထွက်ပေါ်လာမည်

News Image

  • အသံထက်မြန်ခရီးသည်တင် လေယာဉ်များ ပြန်လည် ထွက်ပေါ်လာမည်

Boom ကုမ္ပဏီရဲ့ အသံထက်မြန် လေယာဉ်နည်းပညာက အသံထက်မြန်ခရီးသည်တင် လေယာဉ်များစွာကို ပြန်လည်ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့စမ်းသပ်ဆဲ XB-1 လေယာဉ်က အမြင့်နှုန်းမှာသာမက အမြန်နှုန်းမှာပါ စံချိန်အသစ်တင်နိုင်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

အဲဒီလေယာဉ်က အမြင့်ပေ ၂၅၀၄၀ အထိရောက်ရှိတဲ့အတွက် ဒါဟာ သူ့ရဲ့စံချိန်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။၅၄   မိနစ်ကြာပျံသန်းခဲ့တဲ့    XB-1 ရဲ့ အမြန်နှုန်းက   အသံထက် သုည ဒသမ ၈၂ ဆမြန်တဲ့နှုန်းနဲ့ဖြစ်ပါတယ်။

ကွန်းကော့လေယာဉ်ဆိုတာ အရင်က အသံထက်မြန်လေယာဉ်ဖြစ်ပေမယ့် ကုန်ကျစရိတ်မြင့်မားမှု၊ အသံကျယ်လောင်မှုတို့ကြောင့် ပြေးဆွဲမှုရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။ အခုတော့ XB-1 ကြောင့် အသံထက်မြန်ခရီးသည်တင် လေယာဉ်ပြေးဆွဲမှုက ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

Source: Myawady Web Portal