အစ္စရေးနိုင်ငံ၏ လူဦးရေ ၁၀ သန်းကျော်ရှိလာ
ဂျေရုဆလင် ဇန်နဝါရီ ၂
အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၁၀ ဒသမ ၀၂၇ သန်းရောက်ရှိလာသဖြင့် ၂၀၂၃ ခုနှစ်ကုန်က ၉ ဒသမ ၉၁၅ သန်းရှိရာမှ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းဗျူရိုက ဇန်နဝါရီ ၂ ရက်တွင် နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
လူဦးရေး ၁၂ ဆကျော်တိုးလာ
၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံကို ထူထောင်ချိန်က လူဦးရေ ၈၀၆၀၀၀ သာရှိခဲ့ပြီး နောက်ပိုင်းတွင် ၁၂ ဆကျော်တိုးလာကြောင်း သိရသည်။ နိုင်ငံလူဦးရေ၏ လူ ၇ ဒသမ ၇၁ သန်းခန့်မှာ ဂျူးလူမျိုးများဖြစ်ပြီး ၂ ဒသမ ၁၀၄ သန်းမှာ အာရပ်လူမျိုးများဖြစ်ကြကြောင်း အချက်အလက်များအရ သိရသည်။
ပြည်ပသို့ ပြောင်းရွှေ့
၂၀၂၄ ခုနှစ်တွင် အစ္စရေးလူမျိုး ၈၂၇၀၀ မှာ ပြည်ပသို့ ပြောင်းရွှေ့ နေထိုင်ကြောင်း သိရသည်။
သေဆုံးသူ ၅၁၄၀၀ ရှိ
အစ္စရေးနိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် မွေးကင်းစကလေးငယ် ၁၈၁၀၀၀ ရှိပြီး သေဆုံးသူ ၅၁၄၀၀ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ