အမေရိကန်သမ္မတ Biden က သမ္မတ၏ဂုဏ်ထူးဆောင်ဆု(Presidential Medal of Freedom)ကို ရရှိသူများအား ကြေညာ

News Image

  • အမေရိကန်သမ္မတ Biden က သမ္မတ၏ဂုဏ်ထူးဆောင်ဆု(Presidential Medal of Freedom)ကို ရရှိသူများအား ကြေညာ

သမ္မတ Biden သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အိမ်ဖြူတော်၌ ပေးအပ်ချီးမြှင့်မည့် Presidential Medal of Freedom ရရှိသူများ၏ အမည်စာရင်းများကို ကြေညာခဲ့သည်။

အဆိုပါဆုသည် အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့ငြိမ်းချမ်းရေး သို့မဟုတ် အခြားအရေးကြီးသော လူမှုအဖွဲ့အစည်း၊ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကြိုးပမ်းအားထုတ်မှုများတွင် စံနမူနာပြ ပံ့ပိုးပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပေးအပ်သည့်ဆုဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၌ အရပ်သားများကို ပေးအပ်သည့် ဂုဏ်ပြုဆုများတွင် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး နယ်ပယ်အသီးသီးမှ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ရော့ဟမ် ကလင်တန်၊  Open Society Foundations တည်ထောင်သူ ဂျော့ဆိုးရော့စ် ၊ အင်တာမိုင်ယာမီ CF ဘောလုံး အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ အပါအဝင် စုစုပေါင်း ၁၉ ဦးကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ပါသည်။ 

ကိုးကား - The White House