ဇူကာဘတ်ကို စိတ်ပျက်ရကြောင်း ဘိုင်ဒန်ပြောဆို
Facekook ၊ Instagram၊ WhatsApp နဲ့ Threads Social Media များ၏ မိခင်ကုမ္ပဏီ Meta ၏ ပိုင်ရှင်ဖြစ်သူ မက်ခ်ဇူကာဘတ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စိတ်ပျက်ရကြောင်း ပြောဆိုလိုက်ပါသည်။ ဆိုရှယ်မီဒီယာများမှ ပြောဆိုမှုများကို အစိုးရပိုင်းအေဂျင်စီများက စောင့်ကြည့်ခြင်း၊ထိုးဖောက်ဝင်ရောက်ကြည့်ရှု့ခြင်းများ ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ဇူကာဘတ်က မဖြစ်သင့်ကြောင်း လူသိရှင်ကြား ပြောဆိုလာမှုအပေါ် သမ္မတဘိုင်ဒန်က ဇူကာဘတ်သည် အမေရိကန်၏ စံနှုန်းများနှင့်မကိုက်ညီကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ပြုလုပ်သည့် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသွားပါသည်။
ဇူကာဘတ်က သတင်းအချက်အလက်များကို ပိုမိုလုံခြုံ စေရန်အတွက် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုသွားပါသည်။
ဘိုင်ဒန်က ဇူကာဘတ်သည် လူပြိန်းကြိုက်စကားများကို ပြောဆိုခဲ့ကြောင်းနှင့် အမေရိကန် လျှောက်လှမ်းနေသည့် လမ်းကြောင်းကို ဆန့်ကျင်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဇူကာဘတ်က အစပိုင်းတွင် အချက်အလက်များအား စစ်ဆေးခြင်းနှင့်စသော်လည်း နောက်ပိုင်းတွင် အယူအဆမတူညီသောသူများ၊ မတူညီသောလှုပ်ရှားမှုများကို ပိတ်ချခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် မူလရည်ရွယ်ချက်ဖြစ်သည့် စောင့်ကြည့်ခြင်းဆိုသည့် သဘောတရားနှင့် သိသာစွာကွဲပြားလာကြောင်း ပြောသည်။
ယခုတွင် Meta သည် အီလွန်မက်စ်၏ X Media တွင် အသုံးပြုသည့် လုံခြုံရေးစနစ်များကို ထည့်သွင်းရန် လုပ်ဆောင်နေပြီး မတူကွဲပြားမှုများ၊ သာတူညီမျှမှုများ ပါဝင်သည့် အစီအစဉ်အသစ်ကို စတင်လုပ်ဆောင်နေကြောင်းနှင့် ဆိုရှယ်မီဒီယာသုံးစွဲသူများ၏ လိင်၊လူမျိုးပိုင်းဆိုင်ရာ ကွဲပြားမှုနှင့်ပတ်သက်၍ နောက်ခံသမိုင်းဆိုင်ရာ အချက်အလက်များကိုလည်း လျှော့ချပေးသွားမည်ဟု ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post