နိုင်ဂျီးရီးယား၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံး

News Image

  • နိုင်ဂျီးရီးယား၌ စက်သုံးဆီတင်ယာည်ပေါက်ကွဲမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံး

အဘူဂျာ  ဇန်နဝါရီ ၂၀

နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ဆောင်လာသော ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၈၀ ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း သမ္မတ ဘိုလာတီနူဘူးက အတည်ပြုပြောသည်။

မကြာခဏ ဖြစ်ပွား

ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးရန် သမ္မတဘိုလာတီနူဘူးက သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယမန်နှစ်တွင်လည်း စက်သုံးဆီယာဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

ယမန်နှစ် စက်တင်ဘာလတွင် နိုက်ဂျာပြည်နယ် အဝေးပြေးလမ်း၌ စက်သုံးဆီယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၄၉ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။

Source: မြန်မာ့အလင်းသတင်းစာ

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1809