ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်ပင် ၉၃၇ ဧကစိုက်ပျိုးပြီးစီး
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၌ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီး ဟင်းရွက်ပင် ၉၃၇ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်ပင်များအဖြစ် မုန်ညင်း၊မုန်လာ၊ နံနံ၊ ဆလတ်၊ ကော်ဖီ၊ ငရုတ်၊ အာလူး စသည့် ဟင်းသီးဟင်းရွက်များအားလုံး (GAP)နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဓာတုဓာတ်ကြွင်းအနည်းဆုံးဖြစ်စေရေးနှင့် ကျန်းမာရေးနှင့်ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သောနည်းပညာများကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများကိုပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးနဲမြို့နယ်တွင်နှစ်စဉ်ရာသီအလိုက်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် မြို့နယ်အတွင်း စားသုံးမှုဖူလုံစေပြီးဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဝယ်လိုအားမျှတလာကာ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် ဟင်းသီးဟင်းရွက်များကို တိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှုသည်အဓိကဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကိုမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal