တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနှင့် ဈေးပွဲတော်ဖွင့်ပွဲ ကျင်းပ

News Image

  • တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနှင့် ဈေးပွဲတော်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်   ဇန်နဝါရီ ၂၆

တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနှင့် ဈေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ လသာမြို့နယ် လမ်းမြကြီးပေါ်၌ ကျင်းပသည်။

အခမ်းအနားကို ‌ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တရုတ်ဘာသာရေးဘုံ‌ကျောင်းများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တရုတ်ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

တရုတ်နှစ်သစ်ကူးဈေးပွဲတော်တွင် အလှကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် အစားအသောက်မျိုးစုံကို စုံလင်စွာရောင်းချပေးလျက်ရှိသည့်အပြင် ရိုးရာခြင်္သေ့အက၊ နဂါးအကအလှပြိုင်ပွဲများ၊ နာမည်ကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများနှင့် အလှဓာတ်ပုံရိုက်ရန် ဖန်တီးပေးထားသည့် အစီအစဉ်များပါရှိကြောင်းနှင့် အဆိုပါဈေးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဇော်- MNA

Source: ကြေးမုံသတင်းစာ