နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများကို လှူလိုပါက KBZ Pay က တစ်ဆင့် လှူနိုင်ပြီ

News Image

  • နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများကို လှူလိုပါက KBZ Pay က တစ်ဆင့် လှူနိုင်ပြီ

မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီး ဘုရားများကို သဒ္ဒါတရားထက်သန်စွာဖြင့် အလှုငွေထည့်သွင်း လှုဒါန်းလိုသော အလှုရှင်များအနေဖြင့်KBZ Pay ကတဆင့် လှူဒါန်းနိုင်ပြီ ဖြစ်သည်။

အလှုငွေထည့်သွင်း လှုဒါန်းလိုသော အလှုရှင်များအနေဖြင့် KBZPay, Wave Money , AYAPay ,UABPay, A+ Wallet နှင့် အခြားသော မိုဘိုင်းလ် ပိုက်ဆံအိတ်များမှတဆင့် KBZPay ၏ MMQR ကို Scan ပြုလုပ်ကာ တန်ခိုးကြီးဘုရားများသို အလွယ်တကူ ဒါနကုသိုလ်ပြု လှုဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိ လှုဒါန်းမှုပြုလုပ်နိုင်သော ဘုရားများမှာ စူဠာမုနိလောကချမ်းသာဘုရား၊ ပြည်ရွှေဆံတော်ဘုရား၊ မန္တလေးမဟာမုနိဘုရား၊ မဟာမုန်းမျက်ရှင်တော်ဘုရား(ဦးခန္တီဘုရား)၊ ကျောက်ဆည် ကျောက်သေတ္တာစေတီတော်၊ မဟာရွှေမြင်တင်ဘုရား၊ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊မြစေတီဘုရား၊ အာနန္ဒာဂူဘုရား၊ မနူဟာဘုရား နှင့် ရွှေစည်းခုံဘုရား တို့ဖြစ်ကြောင်း သိရသည်။

Popular Myanmar