ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် အာရှနှင့် ပင်လယ်ကွေ့ဒေသများရှိ အစုရှယ်ယာ ဈေးကွက်များ ထိုးကျ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၃ ရက်တွင် အာရှနှင့် ပင်လယ်ကွေ့ဒေသများရှိ အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခဲ့ကြောင်း သိရသည်။
သမ္မတထရမ့်က အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု တရားဝင်ကြေညာခဲ့ပြီးနောက် ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဟောင်ကောင်ရှိ အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခြင်းဖြစ်သည်။
ထို့ပြင် ပင်လယ်ကွေ့ဒေသရှိ ဆော်ဒီအာရေဗျအစု ရှယ်ယာဈေးကွက်များဖြစ်သည့် Basma Adeem Medical၊ ACWA Power Company၊ Elm Company တို့အပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းအစုရှယ်ယာဈေးကွက်၊ အဘူဒါဘီ စတော့ဈေးကွက်နှင့် ကာတာနိုင်ငံတို့တွင်လည်း အစုရှယ်ယာဈေးနှုန်းများ အပြောင်းအလဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစုရှယ်ယာဈေးကွက်များ၌ အပြောင်းအလဲများဖြစ်ပွားရခြင်းသည် ကမ္ဘာ့နိုင်ငံများကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ်လာနိုင်သည့် မတည်ငြိမ်မှုများကြောင့် ဖြစ်ကြောင်း အကဲဖြတ်သူများက ပြောကြားထားသည်။
အလားတူပင် အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး မူဝါဒများကြောင့် အမေရိကန်ပြည်တွင်းရှိ Nasdaq composite နှင့် Dow Jones Industrial Average စသည့် အစုရှယ်ယာ ဈေးကွက်တို့တွင်လည်း ကျဆင်းမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal