ဒေါ်နယ်ထရမ့်အပေါ် အမေရိကန် ဖက်ဒရယ် တရားစီရင်ရေးက အာဏာကန့်သတ်နိုင်မလား
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတဖြစ်လာပြီးနောက် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမိန့်များစွာကို လက်မှတ်ရေးထိုး ထုတ်ပြန်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အစပိုင်းက သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်များအပေါ် ဖက်ဒရယ် တရားသူကြီးများက ခေတ္တဆိုင်းငံထားခြင်း၊ အတည်မပြုဘဲ တားမြစ်ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထိုအခြေအနေများကြောင့် အစိုးရအဖွဲ့အနေဖြင့် ဖက်ဒရယ်တရားစီရင်ရေးကို မည်သို့ ဆန့်ကျင် ဖီဆန်နိုင်ပြီး တရားသူကြီးများအပေါ်လည်း မည်သို့ တုံ့ပြန် ဆောင်ရွက်မည်ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာနေပါသည်။
ဖက်ဒရယ်တရားသူကြီးများ ခေတ္တတားမြစ်ထားသည့်အမိန့်များတွင် အစိုးရ အသုံးစရိတ်လျှော့ချခြင်း၊ ဝန်ထမ်းများအား အလုပ်ထုတ်ခြင်းနှင့် မွေးဖွားမှုအခွင့်အရေးအရ နိုင်ငံသားအသိအမှတ်ပြုခြင်းကို ကန့်သတ်သည့် အမိန့် စသည်တို့ပါဝင်နေပါသည်။
အစိုးရအဖွဲ့က တရားရုံး၏အမိန့်ကို မလိုက်နာက ဖက်ဒရယ်အစိုးရ၏ အာဏာခွဲဝေမှုကို ထိခိုက်စေနိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးထားကြပြီး ၁၈၇၂ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော United States v. Klein စီရင်ထုံးအရ တရားရုံးသည် သမ္မတအာဏာကို ကန့်သတ်နိုင်ကြောင်း ဆိုထားကြပါသည်။
ကိုးကား- The Times