အိန္ဒိယနိုင်ငံသားများက အချစ်ကို မခံစားတတ်ဆုံးထဲ၌ပါဝင်

News Image

  • အိန္ဒိယနိုင်ငံသားများက အချစ်ကို မခံစားတတ်ဆုံးထဲ၌ပါဝင်

၂၀၂၅ ဗလင်တိုင်းဒေးနေ့ကို ရည်စူးပြီး သုတေသနအဖွဲ့တစ်ဖွဲ့က နိုင်ငံ ၃၀ ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ရာတွင် အချစ်ကိုမခံစားတတ်ဆုံး လူမျိုးများထဲတွင် အိန္ဒိယနိုင်ငံသားများလည်းပါဝင်သည်ဟု သိရှိရပါသည်။ 

နိုင်ငံပေါင်း ၃၀ တွင် စစ်တမ်းကောက်ယူပြီး ချစ်သူများနေ့မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအသစ်တွင် အိန္ဒိယလူမျိုးများသည် ၎င်းတို့၏အချစ်ရေးအပေါ် စိတ်ကျေနပ်မှု အနည်းဆုံးသူများထဲတွင် ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

'Love Life Satisfication 2025' (ချစ်ခြင်းဘဝကျေနပ်မှု၂၀၂၅) စစ်တမ်း ရလဒ်များအနေဖြင့် ကိုလံဘီယာ (၈၂ %) ၊ ထိုင်း (၈၁ %) ၊ မက္ကဆီကို (၈၁ %) ၊ အင်ဒိုနီးရှား (၈၁ %) နှင့် မလေးရှား (၇၉ %) ဖြင့် ဦးဆောင်ပါသည်။ အိန္ဒိယ (၆၃ %) ၊ တောင်ကိုရီးယား ( ၅၉ %) နှင့် ဂျပန် (၅၆ % ) တို့ ဖြစ်ကြောင်း စစ်တမ်းများအရသိရှိရပါသည်။ 

နိုင်ငံပေါင်း ၃၀ မှ အရွယ်ရောက်ပြီးသူ ၂၃,၇၆၅  ဦးကို IPSOS ကုမ္ပဏီက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ချစ်ခြင်းကိုကောင်းစွာ မခံစားတတ်ရသည့် အကြောင်းအရင်းများထဲ၌ မိသားစုဝင်များပြားစွာ အတူနေထိုင်ရခြင်း၊ မိသားစုတာဝန်များ/ အလုပ်ဖိအားများ/ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနှင့် လူမှုရေးဖိအားများကြောင့် အချစ်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် ရင်းနှီးမှုနည်းသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အိန္ဒိယနိုင်ငံသားများအတွက် ၎င်းတို့၏အချစ်ရေးနှင့် လိင်မှုကိစ္စကို ကျေနပ်သည့် စုံတွဲမှာ စုံတွဲစုစုပေါင်း၏ တစ်ဝက်ခန့်သာရှိကြောင်း စစ်တမ်းများအရ သိရှိရပါသည်။

ကိုးကား-Myanmar National Post