“သည်းခံခြင်းက မွန်မြတ်သန့်စင်သည့်အရာဖြစ်ပြီး မိမိအနေဖြင့် သင်ယူနေတုန်းပါ” ဟု ဆိုလိုက်သည့် အီလွန်မက်စ်

News Image

လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ် ပြောသွားသည့် စကားတစ်ခွန်းဖြစ်ပြီး သည်းခံခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက “ခန္တီ” ဟု ၃၈ ဖြာမင်္ဂလာ၌ ဆုံးမထားပါသည်။ သည်းခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာကျော်ပုဂ္ဂိုလ် အများအပြားကလည်း ပြောဆိုဆုံးမထားမှု များစွာ ရှိပါသည်။ လက်တွေ့နယ်ပယ်မှာတွင်မူ သည်းခံခြင်းသဘောတရားကို လက်ခံနိုင်ရန် ခက်ခဲစွာကျင့်သုံးလိုက်နာရသည့် ကိစ္စတစ်ခုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

မြတ်ဗုဒ္ဓက လူဖြစ်လာလျှင် မဖြစ်မနေကြုံတွေ့ရမည့်ဖြစ်စဉ် ၈ ခု ရှိကြောင်းနှင့် ၎င်းဖြစ်စဉ်များကို “ဒုက္ခ”ဟု ဟောကြားထားခဲ့ပါသည်။ ၎င်းတို့မှာ (၁ )မွေးဖွားလာရခြင်းဒုက္ခ၊ ( ၂ )အိုမင်းရခြင်းဒုက္ခ၊( ၃ ) နာကျင်ရခြင်းဒုက္ခ၊ ( ၄ ) သေရခြင်းဒုက္ခ၊ ( ၅ ) ချစ်သောသူနှင့် ကွေကွင်း ရခြင်းဒုက္ခ၊ ( ၆ ) မချစ်မနှစ်သက်သောသူနှင့်နေရခြင်းဒုက္ခ၊ ( ၇ ) လို၍ မရခြင်းဒုက္ခ နှင့် (၈) ခန္ဓာကိုယ်ကြီးရှိနေသည့်ဒုက္ခ တို့ပင်ဖြစ်ပါသည်။

၎င်းဒုက္ခများကို ကျော်ဖြတ်နိုင်ရေးကြိုးစားရင်းနှင့် မိမိတို့၏ ဘဝများသည် တဖြည်းဖြည်းနှင့် နေဝင်ချိန်ဆီသို့ ဦးတည်သွားခဲ့ကြရသည်။ ဒုက္ခ ဆိုသည်မှာ မလိုချင်လည်းရ၊ လိုချင်လည်းရသည့် အရာဖြစ်ပြီး ဒုက္ခကို ကျော်ဖြတ်နိုင်မည့်နည်းလမ်း ၂ နည်း ရှိပြီး ၎င်းတို့မှာ ရောင့်ရဲခြင်းနှင့် သည်းခံစောင့်ဆိုင်းခြင်း တို့ပင်ဖြစ်သည်။ ရောင့်ရဲခြင်းဆိုသည်မှာ လက်ရှိ ဘဝကို လက်ခံကျေနပ်လိုက်ခြင်းဖြစ်ပြီး သည်းခံစောင့်ဆိုင်းခြင်း ဆိုသည် မှာ မိမိ၏ရည်မှန်းချက်အတွက် လက်ရှိဘဝကို စတေးနေသည့် သဘောပင်ဖြစ်ပါသည်။သည်းခံခြင်း ဆိုသည်မှာမူ အောင်မြင်မှုဆီသို့ ရောက်ရှိရန်အတွက် ပင်မလမ်းကြောင်းကြီး၏အစပင်ဖြစ်သည်။

 အီလွန်မက်စ်က သည်းခံခြင်းအကြောင်းကိုပြောပြီး နောက်ဆက်တွဲ စကားတစ်ခွန်း ပြောဆိုရာ၌ သည်းခံခြင်း၌ ကြမ်းတမ်းသော သင်ခန်းစာ များပါဝင်နေပြီး ဂရိစကားပုံ တစ်ခုတွင် ၁ မိနစ်ခန့် သည်းခံလိုက်ခြင်းက ၁၀ နှစ်စာ အေးချမ်းစေရန်အတွက် ဦးတည်သွားစေသည်ဟု ဆိုသည်။ ဒုက္ခတိုင်းအတွက် အကောင်းဆုံး ကုသဆေးသည် သည်းခံခြင်းပင်ဖြစ်သည် ဟု တောင်အာဖရိကနိုင်ငံမှ ချမ်းသာသည့် မိသားစုက ဆင်းသက်လာသော်လည်း ကလေးဘဝ၌ မိမိကိုယ်ကို သတ်သေချင်သည်အထိ ကျောင်းသားချင်း နှိပ်စက်သည့်ကျောင်းတွင် ပညာသင်ကြားခဲ့ရပြီး  မိသားစုစိတ်ဒဏ်ရာများဖြင့် ကြီးပြင်းခဲ့ရသော်လည်း စိတ်ရှည် သည်းခံခြင်းများဖြင့် အချိန်ကောင်းကိုစောင့်ကာ ကြိုးစားခဲ့ခြင်းရလဒ်အနေဖြင့် ကမ္ဘာ့ နံပါတ် ၁ သူဌေးကြီး ဖြစ်နေပြီဖြစ်သည်။

ကိုးကား-Myanmar National Post