ထရမ့်နှင့် ပူတင်တို့ ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်

News Image

  • ထရမ့်နှင့် ပူတင်တို့ ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာ ပူတင် တို့သည် ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီ ဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်နေကြသည်။ အဆိုပါ ခေါင်းဆောင် နှစ်ဦးတွေ့ဆုံမှုမပြုလုပ်မီ အမေရိကန်နှင့်ရုရှားနိုင်ငံများမှ အဆင့်မြင့်အရာရှိများသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆော်ဒီအာရေး ဗီးယားနိုင်ငံတွင် ကြိုတင်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဘက်က ထိုဆွေးနွေးမှုများကို ဦးဆောင်ရန် အမျိုးသားလုံခြုံရေးဝန်ကြီး Mohammed al-Aiban ကို တာဝန်ပေးအပ်ထားပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မကြာမီပြုလုပ်မည့် ဆွေးနွေးပွဲများမှာ ရုရှား-အမေရိကန်ဆက်ဆံရေးတွင် အလွန်အရေးပါနေပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး အဖြေရှာနိုင်ရန် အစိုးရများအချင်းချင်း၏ အစီအစဉ်များကိုလည်း အကျိုးသက်ရောက်မှု ရှိလာနိုင်ပါသည်။ 

ကိုးကား- TASS

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2609