အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြထားပါသည်။ 

ဆော်ဒီအာရေးဗီးယားတွင် ကျင်းပမည့် အမေရိကန်-ရုရှား ဆွေးနွေးပွဲအတွက် ယူကရိန်းဘက်သို့ “ဖိတ်ကြားခြင်းမရှိသလို အသိပေးခြင်းလည်း မရှိခဲ့ကြောင်း” ယူကရိန်းအရာရှိတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Fox News ၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ဝင် ဝေါ်လ်ဇ်နှင့် အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဝစ်ခ်ကော့ဖ်တို့ တက်ရောက်မည်ဖြစ်ပါသည်။ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကဲလ်လော့ဂ်မှာမူ ဤဆွေးနွေးပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရှိရ ပါသည်။

အခြားသော အကြီးမားဆုံး ဥရောပအင်အားကြီးနိုင်ငံများ၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ ပူးပေါင်းပါဝင်ရန် စီစဉ်ထားခြင်းမရှိကြောင်း အရာရှိများက ထောက်ပြခဲ့ပါသည်။ ထိုသတင်းအရ ဤအချက်သည် ညှိနှိုင်းမှုစားပွဲတွင် မိမိတို့အား နေရာချထားပေးရန် ဒေါ်နယ်ထရမ့်ထံ တရားဝင် တောင်းဆိုထားသည့် နေတိုးမဟာမိတ်များအား စိတ်တိုစေနိုင်သည်ဟု သုံးသပ်ထားပါသည်။

ကိုးကား- RIA Novosti