ယူကရိန်းသမ္မတ ဇီလန်စကီးသည် မကြာမီကာလအတွင်း အာရပ် စော်ဘွားပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီ နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာ

News Image

ယူကရိန်းသမ္မတ ဇီလန်စကီးသည် မကြာမီကာလအတွင်း အာရပ်စော်ဘွား ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အဆိုပါခရီးစဉ်အတွင်း ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်မဟုတ်ကြောင်း၊ သွားရောက်မှုတွင် လူသားချင်းစာနာမှု အစီအစဉ်ဖြစ်သည့် အကျဉ်းသားများ လဲလှယ်မှုကိစ္စ ပါဝင်နေကြောင်း   ၎င်းက မြူးနစ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ကနဦးစွာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ချက်ချင်း သွားရောက်မည် ဖြစ်ကြောင်း၊ ဆော်ဒီဘုရင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထပ်မံ၍ ၂ ရက် ၃ ရက်အကြာတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ရုရှားနှင့်အမေရိကန်တို့နှင့် တွေ့ဆုံမည်မဟုတ်ကြောင်း ဇီလန်စကီးက ပြောကြားထားပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအရေးကိစ္စဖြေရှင်းရန် ဆော်ဒီအာရေဗီးယားနိုင်ငံ၌ နောက်အပတ်တွင် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ပြောကြားထားပါသည်။ 

ကိုးကား-TASS

Photo: Apa.az