BRICS ညီလာခံကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးတွင် ကျင်းပမည်

News Image

  • BRICS ညီလာခံကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးတွင် ကျင်းပမည်

BRICS ညီလာခံကို လာမည့် ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း BRICS အဖွဲ့၏ မီဒီယာဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာလိုက်ပါသည်။

“၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် BRICS အစည်းအဝေးအတွက် ရက်နှင့် နေရာကို အတည်ပြုပြီးဖြစ်ပါကြောင်း၊ လာမည့် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ရီယိုဒီဂျနေးရိုမြို့၌ ကျင်းပပါမည်” ဟု မီဒီယာဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသည်။

ကိုးကား- TASS