ကယ်လီဖိုးနီးယားပြည်နယ် Vandenberg လေတပ်အခြေစိုက်စခန်းမှ Minuteman III အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်ခုကို စမ်းသပ်ပစ်လွှတ်

News Image

  • ကယ်လီဖိုးနီးယားပြည်နယ် Vandenberg လေတပ်အခြေစိုက်စခန်းမှ Minuteman III အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်ခုကို စမ်းသပ်ပစ်လွှတ်

အမေရိကန် လေကြောင်းတပ်ဖွဲ့ Global Strike Command သည် ကယ်လီဖိုးနီးယားပြည်နယ် Vandenberg လေတပ်အခြေစိုက်စခန်းမှ Minuteman III အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု စခန်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“ယခင်က တခါမျှ အသုံးပြုခြင်းမရှိသေးသည့် Minuteman III တိုက်ချင်းပစ် ဒုံးကျည်တစ်ခုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် ပစိဖိတ်ဒေသ စံတော်ချိန် နံနက် ၁ နာရီ (မြန်မာစံတော်ချိန် ၁၅၃၀ နာရီ) တွင် ကယ်လီဖိုးနီးယားပြည်နယ် Vandenberg လေတပ်အခြေစိုက်စခန်းမှ လုပ်ငန်းဆိုင်ရာ စမ်းသပ်မှုအဖြစ် ပစ်လွှတ်ခဲ့သည်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား- TASS