ဇီလန်စကီးမှာ အမြင်ကျဉ်းမြောင်းသူတစ်ဦး ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီဝေဖန်

News Image

  • ဇီလန်စကီးမှာ အမြင်ကျဉ်းမြောင်းသူတစ်ဦး ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီဝေဖန်

ဇီလန်စကီးအနေဖြင့် အမေရိကန်အစိုးရက ယူကရိန်းအတွက် လုပ်ဆောင်ပေးနေသည့် အစီအစဉ်ကောင်းတစ်ခုအပေါ် အမြင်ကျဉ်းစွာဖြင့် ငြင်းပယ် လိုက်ကြောင်း ပြောကြားလိုက်ပါသည်။ 

ဇီလန်စကီးသည် အမေရိကန်အား ယူကရိန်းရှိ သဘာဝသယံဇာတများ အသုံးပြုခွင့်ပေးမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုလိုက်ခြင်းအပေါ် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

၄င်းမှာလည်း မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့် ဆွေးနွေးခဲ့သော အဓိကအကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်။ ဒေါ်နယ်ထရမ့်က ယူကရိန်းအပေါ် အမေရိကန်က ပံ့ပိုးခဲ့မှုမှာ ဒေါ်လာ ၃၀၀ ဘီလီယံထက် များပြားနေကြောင်း၊ အဆိုပါအကူအညီများအတွက် ဘီလီယံ ၅၀၀ တန်ဖိုးရှိ ရှားပါးသတ္တုများ တောင်းဆိုခဲ့ပါသည်။ အဆိုပါ တောင်းဆိုချက်ကို ဇီလန်စကီးက  နှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက် ဆက်ဆံမှုတစ်ခုလိုအပ်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်ပါသည်။ ထိုသဘောတူညီမှုအဆိုပြုချက်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ပြီးခဲ့သည့်အပတ်က ကိယက်စ်မြို့သို့ သွားရောက် ဆွေးနွေးခဲ့ပါသည်။

ယူကရိန်းအရာရှိကြီးများက အမေရိကန်၏ သဘောတူညီချက်သည် လုံခြုံရေးအာမခံချက်မပါဝင်သဖြင့် Colonial Agreement မျိုးသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး၊ ဇီလန်စကီးကလည်း လုံခြုံရေးအာမခံချက်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ချိတ်ဆက်ထားရန် အရေးကြီးကြောင်း တုံ့ပြန် ပြောကြားခဲ့ပါသည်။

ယူကရိန်းတွင် စစ်ရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် တိုင်တန်နီယမ်နှင့် လီသီယမ်ရှားပါးသတ္တုများ လွန်စွာပေါကြွယ်ဝပြီး ယူကရိန်းတစ်နိုင်ငံလုံးရှိ သဘာဝသယံဇာတ အားလုံးတန်ဖိုးမှာ ဒေါ်လာ ၇ ထရီလီယီ (ဒေါ်လာ ၇၀၀၀ ဘီလီယံ) ခန့်ရှိကြောင်း သိရပါသည်။

ကိုးကား- RT