တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေစစ်ဖြစ်ကြောင်းကို ပြသကြောင်း Xi ပြော
မိမိတို့နှစ်နိုင်ငံသည် မည်သို့မျှဖယ်ထုတ်၍မရသည့် အိမ်နီးချင်းကောင်းများဖြစ်ပြီး အေးအတူ ပူအမျှ မျှဝေ နေထိုင်ကာ ဘုံအကျိုးကျေးဇူးများအတွက် အပြန်အလှန် ပံ့ပိုးကြသည့် မိတ်ကောင်း၊ ဆွေကောင်းများ ဖြစ်ကြကြောင်းနှင့် ဤသည်မှာ သမိုင်းတွင်မည့် စစ်မှန်မှုကို ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း Xi က Putin နှင့် ဖုန်းဆက်သွယ်ပြောဆိုစဉ် ပြောကြားခဲ့ပါသည်။
ထို့အပြင် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် ဒေသတွင်းအတွက် ခိုင်မာသည့် မောင်းနှင်အားကို ရရှိစေသည့် အပြင် ထူးခြားသည့် မဟာဗျူဟာတန်ဖိုးကိုလည်းရရှိစေကြောင်း၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် အခြားသော နိုင်ငံတစ်ခုကို ပစ်မှတ်ထားရန်မဟုတ်သကဲ့သို့ အခြားနိုင်ငံတစ်ခု၏ လွှမ်းမိုးမှုကြောင့်လည်းမဟုတ်ကြောင်း ပြောကြားခဲ့မှုကို Xinhua သတင်းဌာနက ရေးသား ဖော်ပြထားပါသည်။
ကိုးကား- Xinhua.net
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)
Source: https://english.news.cn/20250224/6a8ed9ceede443199d3ad9aedfd7508e/c.html