Tulsi Gabbard က CNN သည် သစ္စာမဲ့သူများ၏ ဝါဒဖြန့်ယန္တရား ဟု စွပ်စွဲ

News Image

  • Tulsi Gabbard က CNN သည် သစ္စာမဲ့သူများ၏ ဝါဒဖြန့်ယန္တရား ဟု စွပ်စွဲ

အမေရိကန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) အဖြစ် မကြာသေးမီက အတည်ပြုခန့်အပ်ခံရသူ Tulsi Gabbard က CNN အား အလုပ်မှလျှော့ချထုတ်ပယ်ခံခဲ့ရသည့် ထောက်လှမ်းရေး အရာရှိ များ၏ “ဝါဒဖြန့်ယန္တရား” အဖြစ်လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့ပြီး၊ အဆိုပါ အရာရှိများ၏ တုန့်ပြန်မှုဆိုင်ရာ အစီရင်ခံစာအား သမ္မတ Donald Trump အစိုးရအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်”ဟု ဆိုသည်။

Trump ၏ ဖက်ဒရယ်အစိုးရအဖွဲ့အစည်းအား လျှော့ချပြင်ဆင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် (CIA) မှ ဝန်ထမ်းအချို့အား ကြိုတင်လစာ များ ထုတ်ပေးကာ တာဝန်မှ အနားပေးခဲ့သည်။ CNN က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ CIA အကြီးတန်း အရာရှိ အချို့သည် ထုတ်ပယ်ခံရသူများ၏ မကျေနပ်မှုများကို တုန့်ပြန်မှုအဖြစ် လှုံ့ဆော်ဖန်တီးကာ ၎င်းတို့သိရှိထားသည့် အချက်အလက်များကို အခြား နိုင်ငံများ၏ထောက်လှမ်းရေးဌာနသို့ ပေးပို့နိုင်သည့် အန္တရာယ်ရှိကြောင်း “တိတ်တဆိတ် ဆွေးနွေးနေကြသည်” ဟု ဖော်ပြခဲ့သည်။

CIA ဝန်ထမ်းဟောင်းများသည် ထိုသို့သွယ်ဝိုက်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း အားဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့်နည်းလမ်းများကို ထုတ်ဖော်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့ရံဖန်ရံခါ အသုံးပြုခဲ့သည့် ဝါဒဖြန့်ယန္တရား CNN ကို အသုံးပြုပြီး ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများကို ထုတ်ဖော်နေသည်ဟု Tulsi Gabbard က ဆက်လက်ပြောကြားခဲ့သည်။ “CIA ဝန်ထမ်းဟောင်းများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ပြည်သူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိရန် အထူးလိုအပ်သည်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂