ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်အထူးသံတမန် ထပ်မံသွားရောက်မည်

News Image

  • ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်အထူးသံတမန် ထပ်မံသွားရောက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ကို သက်တမ်းတိုးရန် သို့မဟုတ် ဒုတိယအဆင့်ကို ဆက်သွားနိုင်ရေး နည်းလမ်းများကို ရှာဖွေရန်အတွက် လာမည့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားရန် စီစဉ် နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော ဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးရမည် ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းတို့ ဖမ်းဆီးထားသော ဓါးစာခံများထဲတွင် အမေရိကန်နိုင်ငံသားများ ပါဝင်နေကြောင်းလည်း သိရသည်။ ဂါဇာ ကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်၏ ကျန်ရှိနေသော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဟားမက် လက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ကိုးကား-NP News