ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း နိုင်ငံခြားဧည့်သည် ၄ သန်းကျော်အား လက်ခံခဲ့ပြီး ၎င်းအရေအတွက်သည် ထိုင်း၏ တစ်ဝက်သာရှိ ဟုဆို

News Image

  • ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း နိုင်ငံခြားဧည့်သည် ၄ သန်းကျော်အား လက်ခံခဲ့ပြီး ၎င်းအရေအတွက်သည် ထိုင်း၏ တစ်ဝက်သာရှိ ဟုဆို

၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားဧည့်သည် ၃.၉၆ သန်းအား လက်ခံခဲ့ပြီး ယခင်နှစ်ကထက် ၃၀% တိုးတက်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စုစုပေါင်းဧည့်သည်အရေအတွက် ခုနစ်သန်း နောက် တွင် ကျန်ရှိနေဆဲဖြစ်သည်။

ဗီယက်နမ်၏ နိုင်ငံခြားဧည့်သည်များ တိုးတက်လာခြင်းသည် ဧည့်သည်များအဆင်ပြေစေမည့် ဗီဇာမူဝါဒများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဂုဏ်သိက္ခာ ရှိသော ခရီးသွားဆုများကြောင့် ဖြစ်ကြောင်း ဗဟိုစာရင်းအင်းရုံးက ဆိုသည်။

ဇန်နဝါရီနှင့်ဖေဖော်ဝါရီ ၂ လ အတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်ဦးရေအများဆုံး ဖြစ်နေဆဲဖြစ်ပြီး ဧည့်သည် ၉၅၅,၀၀၀ ဦးရှိခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုရီးယား (၈၈၅,၀၀၀) ဦး နှင့် တိုင်ပေ (၂၁၈,၀၀၀) ဦး တို့ရပ်တည်နေကြသည်။

အမေရိကန်ပြည်ထောင်စုသည် ဧည့်သည် ၁၈၀,၀၀၀ ဦးဖြင့် စတုတ္ထ နေရာတွင် ရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံသည် ဧည့်သည် ၁၄၇,၀၀၀ ဦးဖြင့် ပဉ္စမနေရာတွင် ရပ်တည်ခဲ့သည်။

ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ကမ္ဘောဒီးယား (၁၄၂,၀၀၀) ၊ သြစတြေးလျ (၁၀၄,၈၁၇) ၊ မလေးရှား (၁၀၂,၀၀၀) ၊ အိန္ဒိယ (၉၂,၀၀၀) နှင့် ရုရှား (၇၉,၀၀၀) တို့ ပါဝင်ခဲ့သည်။

ဘန်ကောက်ပို့စ်သတင်းအရ ထိုင်းနိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှ မတ် ၂ ရက်အထိ နိုင်ငံခြားဧည့်သည်များ ၅.၉% တိုးတက်မှုဖြင့် ဧည့်သည် ခုနစ်သန်းကို ရောက်ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားဧည့်သည် ၂၃ သန်းကို ဆွဲဆောင်ရန် ရည်မှန်းထားပြီး ယခင်နှစ်ကထက် ၃၀% နီးပါး တိုးတက်ရန် ရည်ရွယ်ထားသည်။

ဝန်ကြီးချုပ် Pham Minh Chinh သည် ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနများအား နိုင်ငံအချို့မှ ခရီးသွားဧည့်သည်များနှင့်ကမ္ဘာ့ဘီလီယံနာများအတွက် ဗီဇာကင်းလွတ်ခွင့်ကို စဉ်းစားရန် ညွှန်ကြားခဲ့သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂