Musk ၏ ဝန်ထမ်းအင်အားလျှော့ချခြင်း လုပ်ပိုင်ခွင့်အပေါ် ထရမ့်က ကန့်သတ်လိုက်ခြင်း

News Image

  • Musk ၏ ဝန်ထမ်းအင်အားလျှော့ချခြင်း လုပ်ပိုင်ခွင့်အပေါ် ထရမ့်က ကန့်သတ်လိုက်ခြင်း

သမ္မတ ဒေါ်နယ်ထရမ့်က ဗဟိုအစိုးရဌာနများနှင့် အေဂျင်စီများ၏ ဝန်ထမ်းများခန့်အပ်ခြင်းနှင့်ပတ်သက်၍ Musk ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ကြောင်း အမေရိကန်နိုင်ငံရေးသတင်းထုတ်ပြန်ချက်တစ်ခုအရ သိရှိရပါသည်။

Musk သည် အစိုးရလုပ်ငန်းများနှင့် အသုံးစရိတ်များ ဖြတ်တောက်ရေး တာဝန်ပေးထားသည့် "အစိုးရစွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)"ကို ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။

"Musk သည် ဌာနဆိုင်ရာများသို့ အကြံပြုချက်ပေးရန် အခွင့်အာဏာရှိသော်လည်း ဝန်ထမ်းခန့်အပ်မှုနှင့် မူဝါဒဆိုင်ရာ အပေါ် ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခြင်းများ ပြုလုပ်၍ခွင့်မရှိကြောင်း ထရမ့်က ၎င်း၏ အစိုးရ အဖွဲ့အား ပြောကြားခဲ့သည်ဟု အုပ်ချုပ်ရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ Politico သတင်းစာ မျက်နှာ တွင် ရေးသားဖော်ပြခဲ့သည့်အပြင် "DOGE သည် အမှားအယွင်းအချို့ပြုလုပ်ဆောင်ခဲ့မိသည်ကို ဝန်ခံကြောင်း" Musk ၏ ပြောကြားချက်ကို ကိုးကား၍လည်း ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် “အစိုးရအဖွဲ့အစည်းအတွင်း လူကောင်းသူကောင်းများ လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း မိမိတတ်စွမ်းသရွေ့ ကြိုးပမ်းလုပ်ဆောင်စေလိုကြောင်း၊ ဝန်ထမ်းအင်အားကို လျှော့ချကြရန်လိုကြောင်း၊ အစိုးရအဖွဲ့ အဖွဲ့ဝင်များက ဝန်ထမ်းအင်အားလျှော့ချခြင်းကို မလုပ်ဆောင်ပါက Musk က အဆိုပါတာဝန်ကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း” ထရမ့်က ၎င်း၏ အစိုးရအဖွဲ့ဝင်များအား လမ်းညွှန်မှာကြားထားမှုကို သတင်းထောက် များအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Musk ၏ အစိုးရအဖွဲ့အစည်းအတွင်း လုပ်ပိုင်ခွင့်ရယူပုံနှင့်ပတ်သက်၍ အစိုးရအဖွဲ့ အဖွဲ့ဝင်များက ကျေနပ်မှုမရှိကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့် သတင်းများထွက်ပေါ်နေချိန်တွင် ထရမ့်၏ ယခုလိုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ထရမ့်အနေဖြင့် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွင်း တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းလျက်ရှိသည်ဟု လေ့လာသူများက ဆိုကြသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)