Starlink အင်တာနက် ပိတ်လိုက်ပါက ယူကရိန်းစစ်တပ် ပြိုလဲသွားနိုင်ကြောင်း အီလွန်မက် ပြောကြား

News Image

  • Starlink အင်တာနက် ပိတ်လိုက်ပါက ယူကရိန်းစစ်တပ် ပြိုလဲသွားနိုင်ကြောင်း အီလွန်မက် ပြောကြား

ယူကရိန်းစစ်တပ်အနေဖြင့် Starlink အင်တာနက်စနစ်အပေါ်တွင် လုံးလုံးလျားလျား အားကိုးမှီခိုနေကြရကြောင်း၊ ထိုစနစ်ကို ပိတ်လိုက်ပါက လက်ရှိယူကရိန်းစစ်တပ်မှာ လုံးဝ ပြိုလဲသွားမည်ဖြစ်ကြောင်း Tesla နှင့် Space X အမှုဆောင်အရာရှိချုပ် အီလွန်မက်က ထုတ်ဖော် ပြောကြားလိုက်ပါသည်။

Starlink သည် ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားရာ ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းစစ်တပ်ကို အင်တာနက် ပံ့ပိုးမှု ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ Terminal ၄၀,၀၀၀ ကျော်ကို ပေးပို့ခဲ့ပြီး လက်ရှိအခြေအနေတွင် Starlink အင်တာနက်စနစ်မှာ ယူကရိန်းစစ်တပ်အတွက် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်ကြောင်း အီလွန်မက်က ဆိုထား ပါသည်။ 

ယူကရိန်းစစ်တပ်အတွက် စစ်ပွဲဦးဆောင်မှု Commend and Control (C2) စနစ်အတွက် အထူးအရေးပါသော အင်တာနက် အရင်းအမြစ်တစ်ခု ဖြစ်ပြီး အစောပိုင်းက အခမဲ့ပံ့ပိုးခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအဖွဲ့များ၏ ချေးငွေဖြင့် ဝယ်ယူသုံးစွဲနေကြောင်း သိရှိရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃