ကြယ်အုပ်စုများနှင့် နေတို့မှ အချက်အလက်များကို စုဆောင်းရန်အတွက် ဒုံးပျံတစ်စင်းတည်းဖြင့် အာကာသမစ်ရှင်နှစ်ခုကို နာဆာနှင့် SpaceX ကုမ္ပဏီတို့က လွှတ်တင်

News Image

  • ကြယ်အုပ်စုများနှင့် နေတို့မှ အချက်အလက်များကို စုဆောင်းရန်အတွက် ဒုံးပျံတစ်စင်းတည်းဖြင့် အာကာသမစ်ရှင်နှစ်ခုကို နာဆာနှင့် SpaceX ကုမ္ပဏီတို့က လွှတ်တင်

နာဆာနှင့် SpaceX  ကုမ္ပဏီတို့သည် ကြယ်အုပ်စုများနှင့် နေတို့မှ အချက်အလက်များကို    ရယူစုဆောင်းနိုင်ရန်အတွက်   လွှတ်တင်ရေးဒုံးပျံ တစ်စင်းတည်းဖြင့် အာကာသမစ်ရှင်နှစ်ခုကို လွှတ်တင်ခဲ့သည်။

အဆိုပါအာကာသမစ်ရှင်များကို SPHEREx နှင့် PUNCH ဟူ၍ အမည်ပေးထားပြီး ၎င်းတို့အား ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒါဘာ့ အာကာသလွှတ်တင်ရေးစခန်းမှ မတ်လ ၁၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် SpaceX Falcon 9 ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဒုံးပျံအားလွှတ်တင်ပြီးနောက်တွင် အာကာသလွှတ်တင်မှုအားလုံး အောင်မြင်ကြောင်း နာဆာအဖွဲ့က အတည်ပြုထားသည်။

SPHEREx မစ်ရှင်အနေဖြင့် ကြယ်အုပ်စုပေါင်း သန်း ၄၅၀ နှင့် ကြယ်အုပ်စုအတွင်းရှိ ကြယ်အလုံးပေါင်း သန်း ၁၀၀ ကျော်၏ အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်ပြီး PUNCH မစ်ရှင်အနေဖြင့်လည်း ဂြိုဟ်တုလေးစင်းကိုအသုံးပြု၍ နေနှင့် ၎င်း၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမည် ဖြစ်သည်။

အဆိုပါဂြိုဟ်တုများသည် ပတ်လမ်း၏ အောက်ဘက်မှနေ၍ လည်ပတ်ကာ 3D ပုံရိပ်များဆိုင်ရာ လေ့လာမှုများ လုပ်ဆောင်မည်ဖြစ်သည်။

Source: https://myawady.net.mm/