အမေရိကန် ပညာရေးဝန်ထမ်း ၁၃၀၀ ကျော် အလုပ်ထုတ်ပယ်ရန် ကြေညာ
အမေရိကန်ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၃၀၀ ကျော်ကို အလုပ်ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ထုတ်ပြန်ထားသည့် အတွက် မတ်လ ၁၄ ရက်က ဝါရှင်တန်မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကလည်း ပညာရေးဝန်ထမ်း ၆၀၀ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါသည်။ ယခု ဝန်ထမ်း ၁၃၀၀ ကျော်မှာ လာမည့် မတ်လ ၂၁ ရက် နောက်ဆုံးထား၍ အလုပ်မှ နုတ်ထွက် ပေးရမည် ဖြစ်ပါသည်။ ယခုအစီအစဉ်မှာ ဝန်ထမ်း ၄၁၀၀ လောက်သာရှိသည့် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းထက်ဝက်ခန့်လောက်ကို လျှော့ချရန် စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းအင်အား လျှော့ချမည့်လုပ်ဆောင်ချက်မှာ ဒေါ်နယ်ထရမ့်၏ အစိုးရဝန်ထမ်းအင်အားလျှော့ချရေးအစီအစဉ်၏တစိတ်တပိုင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်တက်လာပြီးနောက် ဖက်ဒရယ် ဝန်ထမ်းအင်အား လျှော့ချရေးအစီအစဉ်အဖြစ် အစိုးရဌာန၊ အေဂျင်စီ ၆ ခု မှဝန်ထမ်း ထောင်ပေါင်းများစွာကို အလုပ်မှ ထုတ်ပယ်လိုက်ပြီး ဖြစ်သည် ဟု သိရှိရပါသည်။
ကိုးကား- Le Monde
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃