အမေရိကန် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန်ပြင်ဆင်နေကြောင်း The New York Times ပြောကြား

News Image

  • အမေရိကန် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန်ပြင်ဆင်နေကြောင်း The New York Times ပြောကြား

အမေရိကန်အာဏာပိုင်များသည် ရုရှားနှင့် ဘယ်လာရုစ် အပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ပြည်သူများအတွက် အမေရိကန်ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် ပြင်ဆင်နေကြောင်း The New York Times က ပြောကြားထားပါသည်။

လက်ရှိအချိန်အထိ အမေရိကန်သည် ရုရှားနှင့် ဘယ်လာရုစ် ပြည်သူများကို ပြည်ဝင်ခွင့် ကန့်သတ်ထားခြင်း မရှိသေးပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါ နိုင်ငံ ၄၃ နိုင်ငံကို အမျိုးအစား (၃)မျိုး ခွဲခြား၍ ကန့်သတ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ပထမအဆင့်ဖြစ်သည့် ပြည်ဝင်ခွင့်လုံးဝခွင့်မပြုသော နိုင်ငံ (၁၁) နိုင်ငံမှာ အာဖဂန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ယီမင် တို့ဖြစ်ပါသည်။

ဒုတိယအဆင့် ကန့်သတ်မှုတင်းကျပ်လာနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံမှာ ရုရှား၊ ဘယ်လာရုစ်၊ မြန်မာ၊ အီသီယိုပီးယား၊ လာအို၊ ဟေတီ၊ ပါကစ္စတန်၊ စီရာလီယွန်၊ တောင်ဆူဒန်၊ တက့်မင်နစ္စတန် တို့ဖြစ်ပါသည်။

တတိယအဆင့်ဖြစ်သည့် ကန့်သတ်မှုအနည်းငယ်ရှိမည့်နိုင်ငံများမှာ စုစုပေါင်း (၂၂) နိုင်ငံရှိပါသည်။ ထိုအမျိုးအစားခွဲခြားမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်က သတ်မှတ်ထားခြင်းဖြစ်ပြီး အပြောင်းအလဲရှိနိုင်သည်ဟုလည်း ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃