တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုက်လေယာဉ်တစ်စင်း လေ့ကျင့်မှုပြုလုပ်စဉ် ပျက်ကျသွားသော်လည်း လေယာဉ်မှူးက လေထီးနှင့် ဘေးကင်းရာသို့ဆင်းသက်နိုင်ခဲ့
ပေကျင်း၊ ပြည်တွင်းရေး
တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုက်လေယာဉ်တစ်စင်းလေ့ကျင့်မှုပြုလုပ်စဉ်ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးသည် လေယာဉ်ပျက်မကျမီ လေယာဉ်အတွင်းမှ အောင်မြင်စွာခုန်ထွက်၍ လေထီးနှင့်ဘေးကင်းရာသို့ ဆင်းသက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ J-15 တိုက်လေယာဉ်ပျက်ကျမှုသည် ဟိုင်နန်ပြည်နယ် လင်ကောင်းမြို့အနီး၌ မတ်လ ၁၅ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း လူသေဆုံးမှုမရှိကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တောင်ပိုင်းစစ်နယ်ဝန်း ရေတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အဆိုပါဟိုင်နန်ပြည်နယ်တွင် လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းအများအပြားကို ဖွင့်လှစ်ထားကြောင်းသိရသည်။
အဆိုပါ တိုက်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Ref: Xinhua
Source: https://myawady.net.mm/