ဖူးခက်တွင် ပထမဆုံးရေအောက်အနုပညာပြတိုက်တည်ဆောက်မည်
ဖူးခက်တောင်ပိုင်း ရာချာကျွန်းအနီးမှာ ကမ္ဘာလှည့်ခရီးများ ဆွဲဆောင်နိုင်ရန်အတွက် ပထမဆုံးရေအောက်ပြတိုက် တည်ဆောက်သွားမည် ဖြစ်ကြောင်း Phuket News သတင်းတွင် ဖော်ပြထားပါသည်။
ထိုပြတိုက်သည် အရှေ့တောင်အာရှတွင် ပထမဆုံးသော ရေအောက်အနုပညာပြတိုက်ဖြစ်လာမည့်အပြင် "RAYA" Phuket - Underwater Art Museum အချက်အခြာတစ်ခုဖြစ်လာပြီး ကမ္ဘာအနှံ့ကို ဆွဲဆောင်ရန်လည်း ရည်မှန်းထားပါသည်။
ပြတိုက်အတွင်း ထူးခြားသည့် ရေငုပ်အတွေ့အကြုံကို ပေးဆောင်မည့် အပြင်သဘာဝသယံဇာတ သန္တာကျောက်တန်းအတုများ ပုံဖော်ထားရှိကာ အဏ္ဏဝါထိန်းသိမ်းရေးကို မြှင့်တင်ရန်အတွက်လည်း ရည်ရွယ်ထားပြီး လာရောက်လည်ပတ်သူများအတွက် ထူးခြားသည့်အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
Phuket Art Association က ဦးစီးပြီး ဒေသတွင်း အနုပညာရှင်များနှင့် ပူးပေါင်းကာ ရာမယဏဇာတ်ဝင်ခန်းက ဇာတ်ရုပ်များကို ရေအောက် ပန်းပုများအဖြစ် ဖန်တီးပြီး ဟာနုမန် ပန်းပုရုပ်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ အတွင်းမှာ အပြီး တပ်ဆင်ဖန်တီးထုလုပ်သွားမည်ဖြစ်ပါသည်။
ပြပွဲဆောက်လုပ်ပြီးစီးရန်အတွက် အချိန် ၂ နှစ်ကနေ ၄ နှစ် နီးပါး ကြာမြင့်မည်ဖြစ်ပြီး ပန်းပုရုပ်တု ၁၅ ချပ်ကျော် ပါဝင်ပြသသွားမည် ဖြစ်ပါသည်။
ရေအောက်အနုပညာပြတိုက်က ရေငုပ်သမားတွေကို ဆွဲဆောင်ရုံသာမက သက်ရှိအဏ္ဏဝါသက်ရှိများ နေထိုင်ရာအဖြစ်လည်း ဖန်တီးပေးမည် ဖြစ်သလို ဖူးခက်ခရီးသွားလုပ်ငန်းအတွက် အကျိုးသက်ရောက်မှု များစွာ ကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။
"RAYA" Phuket - Underwater Art Museumက ကမ္ဘာပေါ်မှာ ၁၁ ခု မြောက် ရေအောက်အနုပညာ ဆွဲဆောင်မှု ဖြစ်လာမည့်အပြင် ဖူးခက် အတွက် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် အထင်ကရပြယုဂ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြပါသည်။
ကိုးကား- Onenews Myanmar Channel