တရုတ်၏ အာကာသမစ်ရှင်များအား အထောက်အကူပြုစေရန် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များထုတ်လုပ်မည်

News Image

  • တရုတ်၏ အာကာသမစ်ရှင်များအား အထောက်အကူပြုစေရန် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များထုတ်လုပ်မည်

တရုတ်နိုင်ငံ၏   အာကာသမစ်ရှင်များအတွက်   အထောက်အကူပြုစေရန် ဟောင်ကောင်အခြေစိုက်အာကာသစက်ရုပ်နည်းပညာနှင့်   စွမ်းအင်စင်တာအား တည်ထောင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းဟောင်ကောင်အထူးဒေသကြီးက ထုတ်ပြန်သည်။

အာကာသစက်ရုပ်နည်းပညာနှင့်စွမ်းအင်စင်တာအနေဖြင့် တရုတ်နိုင်ငံ၏ Change-8 မစ်ရှင်တွင် အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ပြီး ထိုသို့ပါဝင်နိုင်ရန်အတွက် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း  ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ယုဟုန်ယုက ပြောသည်။

ထို့ပြင် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်မည့်စက်ရုပ်များတွင် နှစ်မျိုးအသုံးပြုနိုင်သည့် စက်ရုပ်လက်များကို တပ်ဆင်ထားမည်ဖြစ်သောကြောင့်  လကမ္ဘာ၏  မျက်နှာပြင်ပေါ်ရှိ နမူနာများကို စုဆောင်းနိုင်မည်ဖြစ်သည်။

အလားတူပင်လကမ္ဘာပေါ်ရှိ ကမ္ဘာမြေကြီး၏ ဆွဲငင်အားနည်းပါးမှုနှင့်ပတ်ဝန်းကျင်အခြေအနေပြင်းထန်မှုတို့ကို တုံ့ပြန်နိုင်ရေးအတွက်  စက်ရုပ်များအနေဖြင့်  ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုအပေါ် အခြေခံ၍ ၎င်းတို့ကိုယ်တိုင် အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်မည့်  ဆော့ဝဲလ်များကိုလည်း  အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်လျက်ရှိသည်။                   

Ref: Xinhua

Source: https://myawady.net.mm/