ဂျိုးဘိုင်ဒင်အစိုးရက အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူ သုံးသန်းကျော်အား ချေးငွေ ဒေါ်လာ ၃၃၃ သန်း ထုတ်ပေးခဲ့ကြောင်းတွေ့ရှိဟုဆို

News Image

  • ဂျိုးဘိုင်ဒင်အစိုးရက အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူ သုံးသန်းကျော်အား ချေးငွေ ဒေါ်လာ ၃၃၃ သန်း ထုတ်ပေးခဲ့ကြောင်းတွေ့ရှိဟုဆို

ဝါရှင်တန်၊ လူမှုဖူလုံရေး

ဂျိုးဘိုင်ဒင်ဦးဆောင်သည့် ယခင်အမေ ရိကန်အစိုးရသည် အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူသုံးသန်းကျော်အားဒေါ်လာ ၃၃၃ သန်းကို ချေးငွေအဖြစ်ထုတ်ပေးခဲ့သည်ဟု အီလွန်မက်ဦးဆောင်သည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်လူမှုဖူလုံရေးအာဏာပိုင်အဖွဲ့သည်  ယခင်အစိုးရက  အကောင်အထည်ဖော်ဆောင်ခဲ့သည့် လူမှုဖူလုံရေး ဆိုင်ရာချေးငွေမှတ်တမ်းများကို ပြန်လည်စိစစ်ခဲ့ရာမှ အသက် ၁၂၀ ကျော်အရွယ် ချေးငွေစာရင်းဖွင့်ထားသူ ၃ ဒသမ ၂ သန်းကျော်အား ဂျိုးဘိုင်ဒင်အစိုးရက ချေးငွေများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျိုးဘိုင်ဒင်လက်ထက်    အမေရိကန်အာဏာပိုင်အဖွဲ့သည် ၎င်းအသက် ၁၂၀ ကျော်အရွယ် လူပုဂ္ဂိုလ်များအား အသက်ရှင်နေသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်းတွင်ရေးသွင်းထားပြီး ချေးငွေအဖြစ် ဒေါ်လာ၃၃၃ သန်းကို ထုတ်ပေးခြင်းဖြစ်သည်။

ချေးငွေပေးအပ်ခံရသူများအနက် တစ်ဦးမှာ အသက် ၁၅၇ နှစ်အရွယ် သေဆုံးသူ အမျိုးသား သက်ကြီးရွယ်အိုတစ်ဦးပါဝင်ပြီး ၎င်းအား အာဏာပိုင်များက ချေးငွေအဖြစ် ဒေါ်လာ   ၃၆၀၀၀   ပေးအပ်ခဲ့ကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်။

အစိုးရ၏အခွန်ဘဏ္ဍာများအနက်မှ ဒေါ်လာသန်းပေါင်းများစွာအား အသက် ၁၀၀ ကျော် သေဆုံးသူများအား ပေးအပ်ခဲ့ခြင်းအပေါ် ဒေါသဖြစ်ရသည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်မှုများသည် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှ ကြွင်းကျန်သည့်  လိမ်ညာမှုတစ်ရပ်ဖြစ်သည်ဟု ၎င်းကဖော်ပြခဲ့သည်။

အဆိုပါအသက် ၁၀၀ ကျော် သေဆုံးသူလူပုဂ္ဂိုလ်များအား ယခုအခါ သေဆုံးသူများအဖြစ်  လူမှုဖူလုံရေးမှတ်တမ်းတွင်ရေးသွင်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Ref: Ivt

Source: https://myawady.net.mm/