ရုရှားသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာရမည်ဟု ပူတင်ပြောကြား

News Image

  • ရုရှားသည် ၂၀၃၀ ခုနှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာရမည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် မောင်းသူမဲ့ လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် အတွက် သတ်မှတ်ညွှန်ကိန်းများ ချမှတ်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် ဘဏ္ဍာငွေထုတ်ပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်ပါသည်။

ထိုရည်မှန်းချက်အကောင်အထည်ဖော်ရန် ပထမဆုံးအစီရင်ခံစာကို ဇွန်လ ၁ ရက်နေ့တွင် တင်ပြရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ခြောက်လ တစ်ကြိမ် အစီရင်ခံစာများ ဆက်လက်တင်ပြရမည် ဖြစ်ပါသည်။

မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း လုပ်ငန်းစဉ်များ၌ AI နည်းပညာ အခြေခံသည့် ဖြေရှင်းနည်းများကို အသုံးပြုခြင်း အတွက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက မှာကြားထားပါသည်။ 

ဆက်လက်၍ လူမဲ့လေယာဉ်များ ထုတ်လုပ်ခြင်းနှင့် လည်ပတ်ခြင်းတွင် သဘာဝကျစေရန် စဉ်းစားမှု (AI) အခြေခံဖြေရှင်းနည်းများကို အသုံးချခြင်း အတွက် လိုက်နာဆောင်ရွက်ရန်လည်း ပူတင်က ညွှန်ကြားခဲ့ပါသည်။ ထိုတာဝန်ကို ရုရှား National Technological Initiative Platform နှင့် Sber တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း သိရပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃