မဟာသင်္ကြန်ကာလအတွင်း အများပြည်သူ လေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်

News Image

  • မဟာသင်္ကြန်ကာလအတွင်း အများပြည်သူ လေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်

မန္တလေး  မတ် ၂၄

၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း အများပြည်သူလေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဦးအောင်အောင်ကျော်ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ပေးရာတွင် ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်တို့ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ ခရီးသွားတွေ အသွားအလာများတဲ့ဇုန်တွေကတော့ နှစ်စဉ်ဖွင့်လှစ်နေကြအတိုင်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာဆိုရင် ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်၊ ပုဂံယဉ်ကျေးမှုဇုန်တွေ ဖြစ်ပါတယ်။ ဒီဇုန်တွေအပြင် ပဲခူးယဉ်ကျေးမှုဇုန်နဲ့ သရေခတ္တရာယဉ်ကျေးမှုဇုန်လဲ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဇုန်တွေထဲမှာရှိတဲ့ ပြတိုက်တွေကတော့ ပိတ်ထားမှာဖြစ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဦးအောင်ကျော်က ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ထားမည်ဖြစ်သော်လည်း မြနန်းစံကျော်ရွှေနန်းတော်ကိုမူ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား : ရတနာပုံသတင်းစာ