ထိုင်းနိုင်ငံတွင် Social influencer များနှင့် Online seller များကို အခွန်ပေးဆောင်ရန်ထုတ်ပြန်

News Image

  • ထိုင်းနိုင်ငံတွင် Social influencer များနှင့် Online seller များကို အခွန်ပေးဆောင်ရန်ထုတ်ပြန်

ထိုင်းအခွန်ဌာနက နိုင်ငံအတွင်းရှိ Social influencer များနှင့် Online seller များကို ၎င်းတို့၏နှစ်စဉ်ဝင်ငွေခွန်များကို မတ်လကုန်မတိုင်မီ ပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ထုတ်ပြန်ထားသည်။ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ် Pinsai Suraswadi က Social influencer များနှင့် Online seller များသည် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိပြီး ထိုအခြေအနေအတွက် စိုးရိမ်ကြောင်းဆိုသည်။ Shopee ၊ Lazada နှင့် Tiktok ကဲ့သို့သော ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်းများတွင် Social influencer နှင့် Online seller ၃ သန်းခန့်ရှိပြီး အချိန်ပြည့် ထုတ်လွှင့်ရောင်းချနေသူ ၂ သန်းခန့်သည် ဝင်ငွေ ဘီလီယံများစွာရရှိနေကြောင်း ခန့်မှန်းထားသည်။ စစ်တမ်းများအရ Social influencer များနှင့် Online seller များဖြစ်သည့် လူငယ်အများစုသည် ၎င်းတို့၏ဝင်ငွေကို စာရင်းသွင်းရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိသည်ဟုဆိုသည်။

အခွန်ဌာနသည် မှတ်တမ်းများကို ငါးနှစ်အထိ နောက်ပြန်စစ်ဆေးနိုင်ပြီး အခွန်စာရွက်စာတမ်းများ မတင်ပြနိုင်ပါက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း Pinsai က သတိပေးခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် အမှားများကို ပြင်ဆင်နိုင်ကြောင်း Pinsai က အာမခံခဲ့သည်။ Tellscore, FutureTales LAB, and the Thailand Institute for Mental Health Sustainability (Tims) တို့၏လေ့လာဆန်းစစ်ချက်များအရ ထိုင်းနိုင်ငံရှိ Social influencer နှင့် Online seller များသည် နှစ်စဉ်ဝင်ငွေ ဘတ် ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံ)ရရှိနေကြောင်း ခန့်မှန်းထားကြသည်။ ထိုင်းနိုင်ငံတွင် အချိန်ပြည့် ထုတ်လွှင့်ရောင်းချသူ ၂ သန်းခန့် ရှိပြီး Micro-influencer များအပါအဝင် အချိန်ပိုင်းထုတ်လွှင့်ရောင်းချသူ ၉ သန်းခန့်အထိ မြင့်တက်လာသည်ဟုဆိုသည်။ 

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂