လူမည်းနှင့် အမျိုးသမီးတို့ကို လပေါ်သို့ ပထမဆုံးစေလွှတ်မည့် စီမံကိန်းကို နာဆာ ဖျက်သိမ်း

News Image

  • လူမည်းနှင့် အမျိုးသမီးတို့ကို လပေါ်သို့ ပထမဆုံးစေလွှတ်မည့် စီမံကိန်းကို နာဆာ ဖျက်သိမ်း

နာဆာသည် ယခင်က ကတိကဝတ်ပြုကြေညာထားသော လပေါ်သို့ အမျိုးသမီးနှင့် အသားအရောင်ရှိသူ (လူမည်း) တို့ကို ကမ္ဘာ့ပထမဆုံးအဖြစ် စေလွှတ်ရန် ဆောင်ရွက်မည့် Artemis အမည်ရှိ စီမံကိန်းကို ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။ 

Artemis မှာ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် လူသားများ လပေါ်သို့ ထပ်မံ ခြေချနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည့်စီမံကိန်းဖြစ်ပါသည်။ ယခင်က လပေါ်သို့ သွားရောက်ခဲ့သူများမှာ အမျိုးသားများနှင့် လူဖြူများသာ ဖြစ်သဖြင့် ထိုစီမံကိန်းကို နာဆာက (Diversity in Employment Opportunity- DEO) အစီအစဉ်အဖြစ် အကောင်အထည်ဖော် လုပ်ဆောင်ရန် ယခင်နှစ်များက တရားဝင်ကြေညာခဲ့ပါသည်။

Artemis စီမံကိန်းဖျက်သိမ်းလိုက်ရသည့် အကြောင်းအရင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဇန်နဝါရီလက လူအမျိုးမျိုး တန်းတူ ညီမျှမှုနှင့် အခွင့်အရေး (Diversity, Equity and Inclusion- DEI) မူဝါဒကို ဖျက်သိမ်းလိုက်ခြင်းနှင့် သက်ဆိုင်နေပါသည်။ ထိုမူဝါဒအစား လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် အလုပ်တာဝန်ပေးအပ်ခြင်းစနစ် (merity-basedsystem) ကို ဒေါ်နယ်ထရမ့်က ပြန်လည် အသက်သွင်းခြင်းဖြစ်သည်ဟု သိရပါသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃