ဆွစ်ဇာလန်သိပ္ပံပညာရှင်များက အယ်လ်ပ်ရေခဲတောင် အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းမည်

News Image

  • ဆွစ်ဇာလန်သိပ္ပံပညာရှင်များက အယ်လ်ပ်ရေခဲတောင် အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းမည်

ဘန်း   မတ် ၂၅

ကမ္ဘာ့အကြီးဆုံး ရေခဲတောင်တစ်ခုဖြစ်သော အယ်လ်ပ်ရေခဲတောင်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲတောင်အရည်ပျော်ကျမှုနှုန်း မြင့်တက်လာခြင်းပြဿနာကို ဖြေရှင်းရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များအသင်းက ဖြေရှင်းသွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့အစည်းမှ သုတေသီများက ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရေခဲတောင်များတွင် အရည်ပျော်ကျမှုနှုန်းမှာ ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း အဆိုးရွားဆုံး အရည်ပျော်ကျမှု ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ သိပ္ပံပညာရှင်များအသင်းက ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ပါက ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ ဧရိယာအတွင်းရှိ အယ်လ်ပ်ရေခဲတောင်၏ အစိတ်အပိုင်းများတွင် ရေခဲတောင်အရည်ပျော်ကျမှုကို Glacier Monitoring Switzerland (GLA-MOS) က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုပြဿနာကြောင့် ရေခဲတောင်တစ်ခုလုံးနီးပါး အရည်ပျော်သွားနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရမယ်။ အဓိကကတော့ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးမှုပမာဏထက် လျှော့ချနိုင်မယ်ဆိုရင် ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟု Glacier Monitoring Switzerland (GLAMOS) ၏ ဒါရိုက်တာ မားသီးယပ်စ်က ပြောကြားခဲ့သည်။

Source: ရတနာပုံသတင်းစာ