ရုရှားနှင့် အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့များကြား အဓိက သဘောတူညီမှုရလဒ်များအား ကရင်မလင်မှ ထုတ်ပြန်ကြေညာ

News Image

  • ရုရှားနှင့် အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့များကြား အဓိက သဘောတူညီမှုရလဒ်များအား ကရင်မလင်မှ ထုတ်ပြန်ကြေညာ

ရုရှားနှင့် အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့များကြား အဓိက သဘော တူညီမှုရလဒ်များအား ကရင်မလင်မှ ထုတ်ပြန် ကြေညာခဲ့ပါသည်။

၁။ ရုရှားနှင့် အမေရိကန် သမ္မတတို့၏ သဘောတူညီချက်အရ၊ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံသည် “ပင်လယ်နက်အတွင်းအစီအစဉ်” အား အကောင် အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။ ယင်းတွင် ပင်လယ်နက်အတွင်း သင်္ဘောသွားလာမှု၌ လုံခြုံမှုရှိစေရေး ၊ အင်အားသုံးတိုက်ခိုက်မှုကို ရှောင်ရှားခြင်း၊ စီးပွားရေးသင်္ဘောများအား စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးမပြုရန် ကန့်သတ်ခြင်း၊ ထိုသင်္ဘောများအား စစ်ဆေးခြင်းစနစ် ပြည့်စုံစွာချမှတ်ခြင်းတို့ ပါဝင်ပါသည်။

၂။ အမေရိကန်သည် ရုရှား၏ စိုက်ပျိုးရေးထွက်ကုန်များ၊ မြေဩဇာများကမ္ဘာ့စျေးကွက်သို့ ပြန်လည်ရောက်ရှိရေး၊ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး အာမခံကုန်ကျစရိတ်လျှော့ချရေး၊ ဆိပ်ကမ်းများနှင့် ငွေပေးချေမှုစနစ်များသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်ရေးတို့ကို ကူညီဆောင်ရွက်မည်။ 

သတိပြုရန်

အပိုဒ် ၁ နှင့် ၂ သည် အောက်ပါ အချက်များ ပြည့်စုံပါမှ စတင် အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ 

  • ရုရှားစိုက်ပျိုးရေးဘဏ် (Rosselkhozbank) အပါအဝင် အစားအသောက်၊ ငါးထွက်ပစ္စည်းနှင့် မြေဩဇာ ကုန်သွယ်ရေးလုပ်ငန်းများအား ထောက်ပံ့သည့် ဘဏ်များနှင့် ငွေကြေး အဖွဲ့ အစည်းများမှ ဒဏ်ခတ်မှုများ ရုပ်သိမ်းခြင်း၊ SWIFT စနစ်သို့ ပြန်လည် ချိတ်ဆက်ခြင်း၊ လိုအပ်သော ငွေစာရင်းများ ဖွင့်လှစ်ခွင့်ပြုခြင်း။ 

  • ကုန်သွယ်ရေးငွေကြေးဖြင့် လုပ်ကိုင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်းခြင်း။ 

  • အစားအသောက်၊ ငါးထွက်ပစ္စည်းနှင့် မြေဩဇာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ပို့ကုန်လုပ်ငန်းများမှ ဒဏ်ခတ်မှုများ ရုပ်သိမ်းခြင်း။ 

  • ထိုပစ္စည်းများအတွက် အာမခံကုမ္ပဏီများ လုပ်ကိုင်ခွင့် ပြန်လည်ရရှိခြင်း။ 

  • အစားအသောက်/ မြေဩဇာ သယ်ယူသည့် ရုရှားအလံ တပ်ဆင် ထားသော သင်္ဘောများအား ဆိပ်ကမ်းဝန်ဆောင်မှုနှင့် ဒဏ်ခတ်မှုများ ရုပ်သိမ်းခြင်း။ 

  • ရုရှားသို့ စိုက်ပျိုးရေးစက်ကိရိယာများ၊ အစားအသောက်နှင့် မြေဩဇာထုတ်လုပ်မှုတွင် အသုံးပြုသည့် အခြားပစ္စည်းများ တင်ပို့ခွင့် ကန့်သတ်ချက်များ ရုပ်သိမ်းခြင်း။ 

၃။ ရုရှားနှင့် အမေရိကန်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်မှစတင်၍ ရက် ၃၀ ကြာ ရုရှားနှင့် ယူကရိန်းစွမ်းဆိုင်ရာအင်အဆောက်အအုံများကို တိုက်ခိုက်မှုတားမြစ်ရန် သဘောတူညီခဲ့ပါသည်။ ယင်းသဘောတူညီချက်အား ဆက်လက် တိုးမြှင့်နိုင်ပြီး တစ်ဖက်မှ ချိုးဖောက်ပါက ပယ်ဖျက်နိုင်ပါသည်။ 

၄။ နှစ်နိုင်ငံသည် စွမ်းအင်နှင့် ပင်လယ်ပြင်ဆိုင်ရာ သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် တတိယနိုင်ငံများ၏ ကြားဝင်ဖြန်ဖြေမှုကို ကြိုဆိုသည်။ 

၅။ ရုရှားနှင့် အမေရိကန်သည် ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်။

ကိုးကား - ကရင်မလင်

Photo: UNITED24 Media