နိုင်ငံခြားမှ ပိတ်ဆို့မှုများကို ဆန့်ကျင်သည့်ဥပဒေအား အကောင်အထည်ဖော်နိုင်ရေး တရုတ် စည်းမျဉ်းများ သတ်မှတ်
မတ်လ ၂၈ ရက်(တနင်္လာနေ့)တွင် စတင်အကျိုးသက်ရောက်မည့် နိုင်ငံခြားမှ ပိတ်ဆို့မှုများကို ဆန့်ကျင်သည့် ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ဝန်ကြီးက စည်းမျဉ်းများအား ဖော်ပြထားသည့် နိုင်ငံတော်ကောင်စီအမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးထားပါသည်။ ထိုဥပဒေတွင် ပုဒ်မစုစုပေါင်း (၂၂) ခု ပါဝင်ပါသည်။
အဆိုပါ စည်းမျဉ်းအရ တရုတ်နိုင်ငံသည် ပြည်ပမှ ၎င်းတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို တုံ့ပြန်သွားနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုဥပဒေသည် တားမြစ်ထားသော သို့မဟုတ် ကန့်သတ်ထားသည့် ငွေကြေးပိုင်ဆိုင်မှုများ၊ ငွေကြေးကို လက်ဝယ်မထားသော ငွေပေးချေမှုများနှင့် အခြားသောလုပ်ငန်းများအား သိမ်းဆည်းခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် ယာယီပိတ်သိမ်းမည့် အစီအစဉ်များကို အတိအကျ ဖော်ပြထားပါသည်။
အဆိုပါ စည်းမျဉ်းနှင့်အညီ ပြည်ပမှ ၎င်းတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများကို တန်ပြန်ဆောင်ရွက်မည့်အစီအစဉ်များကို ပြန်လည်သတ်မှတ်သွားမည်ဖြစ်ပြီး နိုင်ငံတော်ကောင်စီလက်အောက်ရှိ ဌာနအချင်းချင်းအကြား ပူးပေါင်းပြီး ထိုကိစ္စအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကိုးကား- CGTN
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃